Toyota Motor က ဇွန်လတွင် စီးရေ တစ်သိန်း လျှော့ထုတ်ရန် ဆုံးဖြတ်
Toyota Motor က ဇွန်လမှာ ကမ္ဘာတစ်လွှား ထုတ်လုပ်မှုကို စီးရေ ၁ သိန်း လျှော့ထုတ်မယ်လို့ မေလ ၂၄ ရက် အင်္ဂါနေ့မှာ ပြောကြားပါတယ်။ ဇွန်လမှာ ကမ္ဘာတစ်လွှား စုစုပေါင်း စီးရေ ၈၅၀,၀၀၀ ဝန်းကျင် ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ လျှော့ချရတဲ့ အဓိကအကြောင်းရင်းက ချစ်ပ် အလုံအလောက် မရရှိခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၃ မတ်လကုန်မှာ ပြီးဆုံးမယ့် လက်ရှိဘဏ္ဍာရေးနှစ်အတွက် ကမ္ဘတစ်လွှား စီးရေ ၉.၇ သန်း ထုတ်လုပ်ဖို့ လျာထားချက်ကို ဆက်လက်ထားရှိမယ်လို့ ပြောကြားပါတယ်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ လော့ဒေါင်းကြောင့် ရှန်ဟိုင်းမြို့မှာ ထုတ်လုပ်တဲ့ ယာဉ်အစိတ်အပိုင်းများ အထူးသဖြင့် ဝါယာသွယ်တန်းရေး အစိတ်အပိုင်းများ မရရှိတာကြောင့် ဂျပန်ပြည်တွင်းမှ ထုတ်လုပ်ရေးလိုင်းများမှာ ပစ္စည်းပြတ်လပ်တဲ့အတွက် စက်ရုံ ၁၀ ရုံမှ ထုတ်လုပ်ရေးလိုင်း ၁၆ လိုင်းကို ၅ ရက် ရပ်နားထားမယ်လို့ ပြောကြားပါတယ်။ ယခင် ပထမအကြိမ် ရပ်နားစဉ်က ၆ ရက် ရပ်နားထားခဲ့ပါတယ်။
ဆက်စပ်ဖတ်ရှုရန် အပြာရောင်ခေါင်းစဉ်ကို ထိပါ။
ရှန်ဟိုင်းကိုဗစ်လော့ဒေါင်းကြောင့် ဂျပန်မှ Toyota စက်ရုံ ၁၂ ရုံကို ရပ်ဆိုင်း
ယခု ဒုတိယအကြိမ် ၅ ရက်ကို မေလ ၂၅ ရက်မှ ဇွန်လ ၃ ရက်အတွင်းမှာ ရပ်နားမှာ ဖြစ်ပါတယ်။