Toyota က ဘက်ထရီသုံး လျှပ်စစ်ကား အင်တိုက်အားတိုက် ထုတ်လုပ်မှု ၂၀၂၅ သို့ ရွှေ့ဆိုင်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Toyota သည် ဘက်ထရီသုံး လျှပ်စစ်ကားများ အမြောက်အမြား စတင်ထုတ်လုပ်ခြင်းကို ၂၀၂၅ မှာ အရှိန်တင်မည် ဖြစ်ပြီး အီးဗီအတွက် ဗဟာဗျူဟာကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်စဉ်းစားသုံးသပ်ခဲ့ရာ၌ အီးဗီဖွံ့ဖြိုးရေး အစီအစဉ်ကို ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
လျှပ်စစ်ကား မော်ဒယ် bZ4X crossover ကို လက်ရှိ လစဉ် ထုတ်လုပ်နေသည့် စီးရေကို ၂၀၁၅ တွင် ၆ ဆ မှ ၁၂ ဆအထိ တိုးရန် ချင့်ချိန်လျက် ရှိသည်။ ထို့အတွက် မရမဖြစ် လိုအပ်သော ချစ်ပ်များ အပါအဝင် ယာဉ်အစိတ်အပိုင်းများ ရရှိသည်မှာ သေချာမှ တိုးမြှင့် ထုတ်လုပ်မည်ဖြစ်သည်။ လက်ရှိတွင် တစ်လလျှင် စီးရေ ၁,၀၀၀ သာသာမျှသာ ထုတ်လုပ်သည်။
.
Toyota Motor Corp သည် ဓာတ်ဆီသုံး ကားများနှင့် ဟိုက်ဘရစ်ကားများကို အဓိကထား ထုတ်လုပ်ခြင်းကို ဆက်လက်ကျင့်သုံးသွားမည် ဖြစ်သည်။
.
ယမန်နှစ်က ကြေညာခဲ့သေ အီးဗီမော်ဒယ် အမျိုးအစား ၃၀ တွင် အချို့ကို ဖွံ့ဖြိုးရေး လုပ်ကိုင်ခြင်း မပြုတော့ဘဲ ရပ်ဆိုင်းထားလိုက်သည်။ အချို့မော်ဒယ်များကို ၂၀၃၀ ခုနှစ်ကျမှ ထုတ်လုပ်ရန် ရွှေ့ဆိုင်းလိုက်သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
.
bZ4X ကို ဆက်လက်ထုတ်လုပ်ပေးခြင်းဖြင့် Toyota သည် ဘက်ထရီသုံး လျှပ်စစ်ကား ဈေးကွက်အပိုင်းအကန့်တွင် နေရာယူထားမည် ဖြစ်သည်။
.
Toyota အနေဖြင့် တစ်နှစ်လျှင် အီးဗီ စီးရေ ၁၉၀,၀၀ အထိ ထုတ်လုပ်နိုင်စွမ်း ရှိမည် ဖြစ်သော်လည်း ရောင်းအားမှာ မသေချာချေ။ နာမည်ကျော် ဟိုက်ဘရစ် Prius မော်ဒယ်ကို ၂၀၂၁ တွင် စီးရေ ၈၆,၀၀၀ အောက်တွင်သာ ရောင်းချရသည်။
.
ယခုလို ၂ နှစ် နောက်ဆုတ်လိုက်ခြင်းကြောင့် ပစ္စည်းပေးသွင်းသူများအနေဖြင့် ထုတ်လုပ်မှု အမျိုးအမည် အသစ်ဖြစ်နေသော လျှပ်စစ်ကားအတွက် ပြင်ဆင်ချိန် ပိုရမည်ဖြစ်သည်။
.
Toyota သည် ၎င်း၏ ပထမဆုံး အီးဗီမော်ဒယ် bZ4X တွင် ဘီးများ ကျွတ်ထွက်နိုင်ခြေ ရှိနေခြင်း၊ လေအိတ်များ ပြဿနာ ရှိနေခြင်းတို့ကြောင့် bZ4X အီးဗီများကို ပြန်ခေါ်ယူခဲ့သည်။ bZ4X အရောင်းနှင့် အငှား ရပ်ထားသည့်အပြင် ထုတ်လုပ်မှုကိုလည်း ရပ်ဆိုင်းထားလိုက်သည်။ ၃ လဝန်းကျင် ကြာခဲ့ပြီး ယခုအခါ bZ4X ကို ပြန်လည် ထုတ်လုပ်သည်။
ဂျပန်ပြည်တွင်းဈေးကွက်အတွက် အငှားချသည့်စနစ်ဖြင့်သာ ဖြန့်ဖြူးသဖြင့် ငှားရမ်းရန် အမှာစာများ ပြန်လည်စတင် လက်ခံခဲ့သည်။ အငှားအတွက် နှုန်းထား ထက်ဝက်လျှော့ချခဲ့သည်။
အငှားစနစ် သုံးသည့်အတွက် bZ4X စီးသူသည် ဘက်ထရီသက်တမ်းအတွက် စိတ်ပူစရာ မလိုတော့ချေ။ တစ်ပတ်ရစ်ကား ပြန်ရောင်းချသည့်အခါ ဈေးမရမှာကိုလည်း စိတ်ပူစရာ မလိုတော့ကြောင်း Toyota က ပြောကြားသည်။
.
bZ4X ကို ဉရောပနှင့် အမေရိကန် ဈေးကွက်တို့တွင် ရောင်းချသည်။ အငှားစနစ် မသုံးချေ။
တရုတ်ပြည်တွင်းဈေးကွက်တွင် ရောင်းချခြင်း မပြုချေ။ တရုတ်ဈေးကွက်အတွက် အီးဗီကို သီးခြားအစီအစဉ်ဖြင့် တရုတ်ပြည်တွင် ထုတ်လုပ်ပါသည်။
တရုတ်နိုင်ငံတွင် ထုတ်လုပ်ပြီး တရုတ်ဈေးကွက်အတွက်သာ ရောင်းချမည့် အရွယ်အစား ငယ်သည့် လျှပ်စစ်ဆီဒင်ကားကို BYD ဘက္ထရီများဖြင့် ထုတ်လုပ်ကြောင်း Toyota က ထုတ်ပြန်ကြေညာသည်။
၎င်းကားမှာ bX3 မော်ဒယ်ဖြစ်ပြီး Toyota ၏ "Beyond Zero" (bz) စီးရီးတွင် ဒုတိယမြောက် ဘက်ထရီသုံး အီးဗီ ဖြစ်ပါသည်။
.
ပြန်လည်မွမ်းမံထားသော ဗဟာဗျူဟာအရ အစီအစဉ်အသစ်တွင် ဘက်ထရီသုံး Compact Cruiser ထုတ်လုပ်မည်။ Toyota Crown ကို အီးဗီဗားရှင်းဖြင့် ထုတ်လုပ်မည်။
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U