Toyota က ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေအနက် နာမည်ကြီး Volkswagen နဲ့ General Motor တို့ကို နှစ်အနည်းငယ်အတွင်းမှာ ကျော်ဖြတ်လာခဲ့ပြီး ကြီးမားတဲ့ ကားထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါတယ်။
ကမ္ဘာ့ဒေသအနှံ့အပြားမှာ ဝန်ထမ်းအင်အား 300,000 ကျော်နဲ့ လုပ်ဆောင်နေခဲ့တာဖြစ်ပြီး မကြာတော့တဲ့အချိန်မှာ ကမ္ဘာ့အကြီးဆုံး ကားထုတ်လုပ်ရေး လုပ်ငန်းစုကြီး ဖြစ်လာပါလိမ့်မယ်။
ကုမ္ပဏီရဲ့ ဝန်ထမ်းအများစုက ဂျပန်မှာ နိုင်ငံမှာရှိနေခဲ့တာဖြစ်ပြီး အခုချိန်ထိ ကားအစီးရေ သန်း၂ဝဝကျော်လောက် ထုတ်လုပ်ထားခဲ့ပြီး ဖြစ်ပါတယ်။
Toyota ကုမ္ပဏီကို ဂျပန်လူမျိုး Kiichiro Toyoda က 1937 ခုနှစ်မှာ စတင်တည်ဆောက်ခဲတာဖြစ်ပြီး စတင်တည်ထောင်စဉ် အချိန်မှာ Toyota AA လို့ အမည်ပေးခဲ့တာပါ။
ကုမ္ပဏီရဲ့ ပထမဦးဆုံး ကားထုတ်လုပ်ချိန်မှာ အင်ဂျင်ပိုင်းဆိုင်ရာကို General Motors ရဲ့ နည်းပညာအတိုင်း ပြုလုပ်ခဲ့ပြီး chassis နဲ့ body ကို တော့ Ford ကုမ္ပဏီ ရဲ့ နည်းပညာကို ပုံတူယူခဲ့တာဖြစ်ပါတယ်။
GM နဲ့ Ford တို့ရဲ့ နည်းပညာအတိုင်း ဆယ်စုနှစ် အချို့ကိုဖြတ်သန်းလာခဲ့ပြီးတဲ့ နောက်မှာတော့ ကိုယ်ပိုင် နည်းပညာသစ်နဲ့ ကားတွေကို စတင်ထုတ်လုပ်လာခဲ့တာပါ။
ကားအမျိုးအစား အမျိုးမျိုးနဲ့ အစီးရေ ၆ဝ လောက် ထုတ်လုပ်ခဲ့ပြီးချိန်မှာ မတူကွဲပြားတဲ့ ကားဒီဇိုင်း အသစ်တစ်မျိုးကို ထုတ်လုပ်ခဲ့ပါတယ်။
1967 မှာ ထုတ်လုပ်ခဲ့တဲ့ 2000GT ကားကို ဟောလီဝုဒ်ရုပ်ရှင် ထုတ်လုပ်ရေးက ကမ္ဘာကျော်နာမည်ကြီးမင်းသား James Bond ပါဝင်သရုပ်ဆောင်ထားတဲ့ You Only Live Twice ရုပ်ရှင် ဇတ်လမ်းမှာ တည့်သွင်း အသုံးပြုခဲ့တဲ့အတွက် Tyota ကုမ္ပဏီထုတ်ကားတွေကို ကမ္ဘာက ပိုပြီး သတိပြုမိလာခဲ့ကြတာပါ။
တစ်ဆက်တည်းမှာပဲ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ကားဈေးကွက်ထဲ ကို ကားအစီးရေ ၇ဝ လောက်ကို အဆက်မပြတ် တင်ပို့ ရောင်းချနိုင်ခဲ့တာပါတယ်။
ဥရောပနဲ့ အမေရိကန် ကားဈေးကွက် ကို ထိုးဖောက်ဖို့ စဉ်စားနေချိန်မှာ OPEC က ရေနံအကျပ်အ တည်းနဲ့ ရင်ဆိုင်နေချိန်နဲ့ တိုက်ဆိုက်သွားပြီး ၁၉၇၃ခုနှစ် မှာ လောင်စာစွမ်းအင် လိုအပ်ချက်ကို လျော့ချပေးနိုင်တဲ့ Toyota ကုမ္ပဏီထုတ် ကားတွေက ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ကားလောက မှာ ဝယ်လိုအားမြင့်တက်ခဲ့ပါတယ်။
ကမ္ဘာကျော် Toyota ကားကုမ္ပဏီက ဒီနှစ်အတွင်း မြန်မာနိုင်ငံကို တင်သွင်းရောင်းချတဲ့ ကားအမျိုးအစားတွေကတော့ –
Vios Car
Vios က Subcompact ကားဖြစ်ပြီး အရွယ်အစားက သေးတယ်လို့ ဆိုရမှာပါ။
အပြင်ပန်းကြည့်ရတာသေးတယ်လို့ ထင်ရပေမယ့် အတွင်းခန်းကတော့ လူလေးယောက် ကောင်း ကောင်းစီးနိုင်လောက်တဲ့အထိ ကျယ်ဝန်းပါတယ်။
ဈေးသက်သာတဲ့ ကားဖြစ်ပေမယ့် ပြည့်စုံတဲ့ Features တွေကို တပ်ဆင်ပေးထားပါတယ်။
Bluetooth, Internet Browsing နဲ့ Smart key တို့ပါဝင်မှာဖြစ်ပြီး ပြည့်စုံလုံလောက်မှုရှိတဲ့ power ၊ သင့်တင့်စွာကောင်းမွန်ရှိတဲ့ လက်ကိုင်ကွင်းနဲ့ လောင်စာဆီ လိုအပ်ချက်နည်းပါးတဲ့ ကားအမျိုးအစားဖြစ်ပါတယ်။
Corolla Car
Solid ကားဖြစ်ပြီး ဇိမ်ခံ compact ကားအမျိုးအစားမှာ ပါဝင်ပါတယ်။
Vios ကားကို အဆင့်မြှင့်တင်ထားတဲ့ ကားပါ။ မိသားစုစီး ဆီဒင်ကားအမျိုးအစားဖြစ်ပြီး ယာဉ်ကို မောင်းနှင်ရာမှာ ပေ့ါပါးသွက်လက်မှုရှိစေပါလိမ့်မယ်။
ပြိုင်ကားရဲ့ အတွင်းခန်းဒီဇိုင်း မျိုး ပြုလုပ်ထားပြီး ဆန္ဒရှိမယ်ဆိုရင် ပြိင်ကား mode နဲ့ မောင်းနှင် နိုင်မှာဖြစ်ပါတယ်။
အဆင့်မြင့် နည်းပညာတွေဖြစ်တဲ့ GPS, Poddle Shifters, Internet Connection, Bluetooth backup Camera တို့ပါဝင်မှာဖြစ်ပြီး တခြား modern ကားတွေကို စွဲဆောင်မှုရှိစေမယ့် ကားအမျိုးစားဖြစ်ပါတယ်/
Prado Land Cruiser and Land Cruiser J2000 Wagon
Toyota ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးရဲ့ Line up ကားအဖြစ် အချိန်ကြာမြင့်စွာရပ်တည်လာခဲ့တာဖြစ်ပြီး ဆယ်စုနှစ် များစွာကို ဖြတ်သန်းလာခဲ့တဲ့ကားတွေပါပဲ။
1951 ခုနှစ်က စပြီး Toyota ရဲ့ Jeep ကား အဖြစ်စတင်ထုတ်လုပ်ခဲ့ပြီး Australion Outback ကားအဖြစ်ကြီးမားတဲ့ စမ်းသပ်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။
အတွင်းခန်းကို Versailles Salon လို ပြုလုပ်ထားပြီး အပြင်ပိုင်း ကိုတော့ ခိုင်ခံမှုရှိတဲ့ titanium သတ္တုနဲ့ ပြုလုပ်ထားတာပါ။ မြေပြင် အနေအထား အမျိုးမျိုးမှာ မောင်းနိုင်ပါလိမ့်မယ်။
အရွယ်အစား နှစ်မျိုးကို ရရှိနိုင်ပြီး J200 က ပိုပြီးကြီးပါတယ်။
Fortuner
Toyota ရဲ့ entry level SUV ကားဖြစ်ပါတယ်။
Full size နဲ့ Full Size နဲ့ Full features တွေပါဝင်တဲ့ကားပါ။ ဒီ model ကတော့ လမ်းချောထက်လမ်းကြမ်းမှာ မောင်းနိုင်တဲ့ ကားမျိုးပါ။
ဒါပေမယ့် လူ(၇) ယောက်ကိုတင်ပြီး မညီညာတဲ့ လမ်းတွေမှာ မောင်းမယ်ဆိုရင်တောင် အိမ်စီး ဆလွန်ကားတွေ ကို ယှဉ်နိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။
Hilux Revo Pickup
Toyota ရဲ့ နာမည်ကျော် pickup trck အမျိုးအစားပါ။ အာရှရဲ့ လယ်သမားတွေ အသုံးပြု ဖို့ ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပြီး မိသားစုစီး ဆလွန်ကားအဖြစ် တံခါးငါးပေါက်ပါကား ကို ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။
ပုံစံကွဲ အမျိုးတွေအဖြစ် Single, extra နဲ့ double (Cap) တို့ကို ရရှိနိုင်ပြီး Four-Wheel (သို့) reave wheel drive နဲ့ manual (သို့) automatic transmissions စနစ်တွေကို ရရှိနိုင်ပါလိမ့်မယ်။
Hi Ace
လုပ်ငန်းသုံး ကားအဖြစ် အောင်ပွဲခံနေတဲ့ အမျိုးအစား ပါ။ Workman’s Panel Van အမျိုးအစားကို truck လို အသုံးပြုနိုင်မှာပါ။
ပြတင်းပေါက်နဲ့ extended roof တွေမပါဝင်တဲ့ ကား တွေကို school bus နဲ့ Ambulance ကားတွေ အဖြစ် အသုံးပြုနိုင်ပြီး လူ (၁၆) ယောက် လောက် ချောင်ချောင် ချိချိ စီးနိုင်ပါလိမ့်မယ်။
အရှေ့တောင် အာရှ တစ်ခွင်မှာ ခရီးသွားလာရေး လုပ်ငန်းသုံးကားအဖြစ် အသုံးပြုကြပါတယ်။