Carcomplaints.com ၏ ဖော်ပြချက်အရ Toyota Prius ကားအမျိုးအစား ၂၀၀၆ မိုဒယ်မှ ၂၀၁၁ မိုဒယ်အထိ ကွန်ပလိန်းအများဆုံးဖြစ်နေပါသည်။
၂၀၁၀ မိုဒယ်သည် ကွန်ပလိန်းအများဆုံးဖြစ်ပြီး အင်ဂျင်ပြဿနာအဖြစ်များပါသည်။ ဖြစ်သောပြဿနာမှာ ဆီစားနှုန်းမြင့်တက်လာခြင်းဖြစ်ပါသည်။
၁။ Center Multi-Function Display
Toyota Prius ၂၀၀၂ မိုဒယ်မှ ၂၀၁၅ မိုဒယ်အထိ ပျှမ်းမျှမိုင် တစ်သိန်းဝန်းကျော်မောင်းနှင်ပြီးသည့်အခါ The center multi-function display က အလုပ်မလုပ်သည့်ပြဿနာ အဖြစ်များပါသည်။
ပြဿနာမှာ ဒစ်ပလေးဆားကစ်ဘုတ်ပေါ်တွင် အဆက်အသွယ်များ ပြတ်တောက်နေသည့် ပြဿနာများဖြစ်ပါသည်။
၂။ အင်ဂျင်ချက်မီးလင်းခြင်း
၂၀၀၄ မိုဒယ်မှ ၂၀၁၁ မိုဒယ်အထိ ပျှမ်းမျှမိုင် တစ်သိန်းကျော်မောင်းနှင်ပြီးသည့်အခါ အဖြစ်များပါသည်။ ဆလင်ဒါလေးလုံးထိုး ဝမ်းပွိုင့်ဖိုက်အင်ဂျင်ဖြစ်သည်။
အင်ဂျင်ချက်မီး (check engine light) လင်းလာတက်ခြင်းဖြစ်ပါသည်။ ကွန်ပျူတာထိုးစစ်သည့်အခါ ကုတ်နံပါတ် P1121 ကိုပြသပြီး Three way coolant control valve ချွတ်ယွင်းခြင်းအဖြစ်များသဖြင့် Valve ကို အသစ်လဲလှယ်ရပါမည်။
၃။ လောင်စာဆီအခြေအနေကို မှားယွင်းဖော်ပြခြင်း
၂၀၀၁ မိုဒယ်မှ ၂၀၁၃ မိုဒယ်အထိ မိုင်တစ်သိန်းကျော် မောင်းနှင်ပြီးသည့်အခါ fuel gauge သည် အချက်အလက်မှားများကို မှားယွင်းပြသသည့် ပြဿနာဖြစ်လေ့ရှိပါသည်။
အာရုံခံကိရိယာအပါအဝင် အစိတ်အပိုင်းအားလုံးကို အစီအစဉ်တကျ ဆောင်ရွက်ခြင်းမျိုး ရှိမရှိ ပြန်လည်စစ်ဆေးရပါမည်။
၄။ ဟိုက်ဘရစ်ဂီယာချိန်းမရခြင်း
၂၀၀၁ မိုဒယ်မှ ၂၀၁၁ မိုဒယ်အထိ မိုင်တစ်သိန်းကျော်မောင်းနှင်ပြီးသည့်အခါ ဟိုက်ဘရစ်ဂီယာချိန်း၍မရသည့် ပြဿနာဖြစ်ပေါ်တက်ပါသည်။ ထိုသို့ဖြစ်ပေါ်လာပါက Transmission Fluid ကို စစ်ဆေးရပါမည်။
မိုင် ၃၀၀၀၀ ကျော်မောင်းနှင်ပြီးတိုင်း စစ်ဆေးသင့်ပြီး လိုအပ်လျှင် အသစ်လဲလှယ်ရပါမည်။
၅။ Power inverter coolant pump
၂၀၀၄ မိုဒယ်မှ ၂၀၁၀ မိုဒယ်အထိ မိုင်တစ်သိန်းကျော်မောင်းနှင်ပြီးသည့်အခါ ထိုပြဿနာမျိုးအဖြစ်များပါသည်။ အင်ဂျင်ချက်မီးလင်းလာပြီး ကွန်ပျူတာထိုးစစ်သည့်အခါ ကုတ်နံပါတ် POA93 ကို ပြသပါသည်။
ထိုသို့ပြခြင်းသည် Power inverter coolant pump ချို့ယွင်းခြင်းကြောင့်ဖြစ်သည့်အတွက် အသစ်လဲလှယ်ရပါမည်။
၆။ Air Flow Sensor
၂၀၀၁ မိုဒယ်မှ ၂၀၁၁ မိုဒယ်အထိ မိုင်တစ်သိန်းမောင်းနှင်ပြီးသည့်အခါ စက်စတင်နှိုး၍မရခြင်း၊ အင်ဂျင်ပါဝါကျဆင်းလာခြင်းသည် Air Flow Sensor ချို့ယွင်းခြင်း သို့မဟုတ် အနေအထားမမှန်ဘဲ လွဲချော်နေခြင်းဖြစ်နိုင်ပါသည်။
များသောအားဖြင့် လေစစ် (air filter) ကို လဲလှယ်ခြင်း သို့မဟုတ် စစ်ဆေးခြင်းများပြုလုပ်သည့်အခါ Air Flow Sensor အနေအထားလွဲခြင်းဖြစ်သည့်အတွက် ဂရုပြုသင့်ပါသည်။
၇။ ဟိုက်ဘရစ်ဘက်ထရီ အအေးပေးပန်ကာ
၂၀၀၄ မိုဒယ်မှ ၂၀၁၁ မိုဒယ်အထိ မိုင်တစ်သိန်းကျော်မောင်းနှင်ပြီးသည့်အခါ အင်ဂျင်ချက်မီးလင်းလာပြီး ကွန်ပျူတာထိုးစစ်လျှင် ကုတ်နံပါတ် POA82 ကို ညွှန်ပြပါသည်။
ထိုအရာသည် hybrid battery cooling fan တွင် ပြဿနာရှိနေခြင်းဖြစ်ပါသည်။ ဟိုက်ဘရစ်ဘက်ထရီကို သက်တမ်းရှည် အသုံးပြုနိုင်ရန် cooling fan ကောင်းမွန်နေရန်မှာ အရေးပါပါသည်။