၁၃၀၀ စီစီ ကားအမျိုးအစားဖြစ်၍ ဆီစားသက်သာပြီး မြို့တွင်းတွင် အသုံးပြု၍ အဆင်ပြေသော ကားအမျိုးအစားဖြစ်ပါသည်။
Toyota Ractis အသုံးပြုသူများအတွက် Toyota Ractis တွင် ဖြစ်တက်သော ပြဿနာအချို့ကို ဖော်ပြပေးလိုက်ပါသည်။
၁။ အင်ဂျင်ပြဿနာ
Toyota Ractis ကို မိုင် ၃၀၀၀၀ ကျော် မောင်းနှင်ပြီးသည့်အခါ အင်ဂျင်ပြဿနာများ ဖြစ်ပေါ်လေ့ရှိပါသည်။
ဖြစ်တက်သော ပြဿနာများက အင်ဂျင်ဝိုင်ကြောင့်ဖြစ်သော ပြဿနာနှင့် အင်ဂျင်ထဲကို ရေဝင်သော ပြဿနာများ အဖြစ်များပါသည်။
အင်ဂျင်ဝိုင်ပြဿနာမှာ အင်ဂျင်ဝိုင်လဲလှယ်သင့်သည့်အချိန်တွင် မလဲလှယ်သည့်အတွက် အင်ဂျင်က အဆွဲအရုန်းကျဆင်းခြင်း၊ အင်ဂျင်လည်ပတ်မှု ကြမ်းတမ်းလာခြင်းများ ဖြစ်လေ့ရှိပါသည်။
သတ်မှတ်ထားသော အင်ဂျင်ဝိုင်ကို သတ်မှတ်ထားသော ပမာဏပြည့်မီအောင် လဲလှယ်ပေးရပါမည်။
အင်ဂျင်အအေးပေးစနစ် ရေဒီရေတာက ယိုစိမ့်ခြင်းအဖြစ်များပါသည်။
ထိုအတွက်ကြောင့် အအေးပေးပန်ကာ၊ ရေလမ်းကြောင်းများ၊ သာမိုစတက်၊ ရေအုံလည်နှင့် ကူးလင့်အရည်တို့ကို ပုံမှန်အလုပ်မလုပ်ကို စစ်ဆေးရမည်ဖြစ်ပါသည်။
ရေနစ်မြုပ်နေသောလမ်းများတွင် မောင်းနှင်သည့်အတွက် အင်ဂျင်ထဲကို ရေဝင်ပြီး အင်ဂျင်ပြဿနာအဖြစ်များပါသည်။
မိုးသည်းထန်သည့်အချိန် ကားလမ်းများ ရေလျှံနေသည့်အခြေအနေများတွင် မောင်းနှင်ခြင်းမျိုးမပြုလုပ်မိအောင် သတိထားသင့်ပါသည်။
၂။ ရေဒီယိုပြဿနာ
၂၀၁၀ မိုဒယ် Toyota Ractis တွင် တပ်ဆင်ထားသော ရေဒီယိုက ချို့ယွင်းနေခြင်းဖြစ်ပါသည်။
သက်ဆိုင်ရာဒေသက ရေဒီယိုလိုင်းများကို ဖမ်း၍မမိဘဲ အဆက်အသွယ်ပြတ်တောက်နေခြင်း ဖြစ်ပါသည်။
၃။ စတီယာရင်ဝှီးပြဿနာ
၂၀၀၇ မိုဒယ် Toyota Ractis ၏ စတီယာရင်ဝှီးကို ဘယ်ညာလှည့်သည့်အခါ မာကျောနေတက်ခြင်းဖြစ်ပါသည်။
ယာဉ်ကို ထိန်းသိမ်းမောင်းနှင်ရသည့်အခါ အဟန့်အတားဖြစ်စေသည့်အတွက် အန္တရာယ်များပါသည်။
ပါဝါစတီယာရင်ပန့် (power steering pump) က ချို့ယွင်းခြင်း သို့မဟုတ် ပါဝါဆီမရှိခြင်းကြောင့် အဖြစ်များခြင်း ဖြစ်ပါသည်။
ထိုသို့ဖြစ်ပေါ်လာပါက အမြန်ဆုံး စစ်ဆေးပြုပြင်သင့်ပါသည်။
၄။ ဆီစားများလာခြင်း
၂၀၀၈ မိုဒယ် Toyota Ractis သည် ဆီစားနှုန်းများလာခြင်းဖြစ်ပါသည်။
များသောအားဖြင့် Toyota Ractis သည် ဆီတစ်လီတာကို ၁၀ မိုင်အထက် မောင်းနှင်နိုင်ပါသည်။
ဆီစားနှုန်းများလာသည့်အခါ လောင်စာဆီ တစ်လီတာကို ရှစ်မိုင်၊ ကိုးမိုင်အထိသာ မောင်းနှင်နိုင်ပါသည်။
ကျွမ်းကျင်သော မက္ကင်းနစ်နှင့် အင်ဂျင်ကို စစ်ဆေးရန် လိုအပ်နေခြင်း ဖြစ်ပါသည်။
၅။ အင်ဂျင်ဝိုင်မှ အနံ့ဆိုးထွက်ခြင်း
၂၀၀၆ မိုဒယ် Toyota Ractis ကို မြန်နှုန်းမြင့်မောင်းနှင်သည့်အခါ အနံ့ဆိုးများထွက်လာတက်ပြီး အင်ဂျင်ဝိုင်က ညှော်နံထွက်နေခြင်းမျိုးဖြစ်ပါသည်။
အင်ဂျင်ဝိုင်အသစ်လဲလှယ်ရတော့မည်ဖြစ်ပါသည်။
၆။ စတီယာရင်လှည့်၍မရခြင်း
၂၀၀၈ မိုဒယ် Toyota Ractis သည် စတီယာရင်ကို ရုတ်တရက်လှည့်မရဘဲ မောင်းနှင်မှုကို ထိန်းချုပ်၍မရခြင်းဖြစ်ပါသည်။
သိုသော် ၁၅ မိနစ်အတွင်းတွင် ပုံမှန်ပြန်ဖြစ်သွားတက်ပါသည်။
ထိုသို့ဖြစ်ခြင်းသည် စတီယာရင်စနစ်အတွင်းမှာ ချိတ်ဆက်ထားသော ကြိုးစနစ် (Belt System) များတွင် ပြဿနာရှိနိုင်သလို ဘက်ထရီမကောင်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။
၇။ ပါဝါဝင်းဒိုးပြဿနာ
၂၀၀၇ မိုဒယ် Toyota Ractis ၏ ယာဉ်မောင်းသူဘက်မှ ပါဝါဝင်းဒိုးတစ်ခုတည်းသာ ပုံမှန်အလုပ်လုပ်နေပြီး ကျန်သော ပါဝါဝင်းဒိုး သုံးခုက ပုံမှန်အလုပ်မလုပ်ခြင်း ဖြစ်ပါသည်။