Toyota က 'အကြံပြု မော်ဒယ်' စတင်ရောင်းချ 


Toyota က 'အကြံပြု မော်ဒယ်' စတင်ရောင်းချ 

 

Toyota Motor က Sienta အငယ်စား မီနီဗင် 'အကြံပြု မော်ဒယ်'ကို ယခု ဩဂုတ်လမှာ စတင်ရောင်းချပါတယ်။ ကားထုတ်လုပ်ရေးကဏ္ဍတစ်ခုလုံး ချစ်ပ်အမျိုးမျိုး အပါအဝင် လိုအပ်တဲ့ပစ္စည်းများ အလုံအလောက်မရတဲ့ ပြဿနာ ကြီးမားနေပါတဲ့အတွက် ပစ္စည်းများ ပြည်ပြည့်စုံစုံရဖို့ စောင့်ရတာကြောင့် ကားဝယ်ယူသူတွေ ကားအသစ်တစ်စီးရဖို့ နှစ်ပေါက်တဲ့အထိ စောင့်ကြရပါတယ်။

 

အချို့သော ထုတ်လုပ်သူများက မော်ဒယ်အချို့အတွက် စောင့်ဆိုင်းကာလ အရမ်းကြာမှာဖြစ်လို့ အမှာစာအသစ်များကို လက်မခံတော့ပါဘူး။  Toyota က ကားမှာ ထည့်ပေး‌ေနကျဖြစ်တဲ့အင်္ဂါရပ်များကို လျှော့ချခြင်းဖြင့် ကားအသစ် ရဖို့  စောင့်ဆိုင်းရတဲ့ကာလကို လျှော့ချပေးတဲ့ အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပါတယ်။ Toyota မှ 'အကြံပြု မော်ဒယ်များ' "recommended models" တွင် ထုတ်လုပ်မှု ထိရောက်မြန်ဆန်‌စေရေးကို မြှင့်တင်ရန် စက်ကိရိယာများ လျှော့ချထားပါတယ်။

 

 ကားဝယ်ရောင်းလောကစကားဖြင့် ပြောရလျှင် ‘ဝိတ်လျှော့” ထားသည့် ကားမော်ဒယ် ဖြစ်ပါတယ်။  Toyota က Sienta အသေးစားမီနီဗင်များကို 'အကြံပြုထားသော မော်ဒယ်' အဖြစ်ဖြင့် စတင်ရောင်းချပါတယ်။ ဝယ်ယူသူက စက်ကိရိယာတွေ ပစ္စည်းတွေ စုံစုံလင်လင်ပါတာကို လိုချင်လျှင် ပိုကြာကြာ စောင့်ရပါလိမ့်မယ်။ ဩဂုတ်လမှာ အမှာစာက 'အကြံပြု မော်ဒယ်' ကို ဝယ်ရင် လာမယ့်နှစ် ဧပြီလ မတိုင်ခင်မှာ ရမယ်ဆိုရင် အကြံပြုမော်ဒယ်မဟုတ်တာဆိုရင် အနည်းဆုံး ဧပြီလအထိတော့ စောင့်ရမယ်။

ဧပြီလနောက်ပိုင်းမှ ရမှာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ၈ လကျော်တဲ့အထိ ကြာနိုင်ပါတယ်။ ကားအသစ် မြန်မြန်ရလိုပါလျှင် ရရှိနိုင်သောမော်ဒယ်အဖြစ် အကြံပြုထားတဲ့ မော်ဒယ် ဖြစ်ပါသော 'အကြံပြု မော်ဒယ်' ကို ယူရင် စောင့်ဆိုင်းကာလ ၂ လမှ ၃ လအထိ လျော့ကျပါတယ်။  လက်ရှိအခြေအနေမှာ Toyota ရဲ့ အခြား ဗီနီဗင် မော်ဒယ်များ ဓာတ်ဆီကားဆိုရင် စောင့်ဆိုင်းကာလ ၆လ၊ ၇ လ ကြာမြင့်ပါတယ်။ ဟိုက်ဘရစ်ဆိုရင် ၁ နှစ်ခန့် ကြာမြင့်ပါတယ်။

 

ကုမ္ပဏီသည် အကြံပြုမော်ဒယ်များကို ထုတ်လုပ်မှုဖို့ ထုတ်လုပ်မှု ထိရောက်မြန်ဆန်ရေး၊ ပစ္စည်းအစိတ်အပိုင်းများ ရရှိနိုင်မှု၊ ကားဝယ်စီးသူတဲ့အဖို့ လိုအပ်တဲ့ အင်္ဂါရပ်များနှင့် လုပ်ဆောင်ချက်များ တို့ကို မျှမျှတတ ချိန်ဆပြီး ထုတ်လုပ်ပါတယ်။  Toyota က စည်းစိမ်ကား Crown စီးရီးကိုလည်း အကြံပြုမော်ဒယ်ကို ထုတ်လုပ်ပါမယ်။ စက်တငါဘာလမှာ စတင်ရောင်းချပါမယ်။


 ကားဝယ်သူတွေရဲ့ တုံ့ပြန်မှုအရ အခြားမော်ဒယ်များကိုလည်း အကြံပြုမော်ဒယ် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။  မြောက်အမေရိက ဈေးကွက်မှာ  brand အမည် Venza ဖြင့် ရောင်းချတဲ့ Harrier အပါအဝင် SUV မော်ဒယ်အချို့ကို ထုတ်လုပ်မှု နှောင့်နှေးနေချိန် ကြာမြင့်လွန်းတာကြောင့် အမှာစာ ထပ်မံလက်ခံခြင်း မပြုတော့ပါဘူး။ 

အမြတ်အစွန်း များများရရှိတဲ့ ပရီမီယံ brand ဖြစ်တဲ့ Lexus ကိုလည်း ထိခိုက်နေပါတယ်။ စောင့်ဆိုင်းချိန် ကြာမြင့်တာနဲ့အမျှ ကုမ္ပဏီ ဝင်ငွေ ဝင်လာဖို့၊ အမြတ်ငွေရဖို့ ကြန့်ကြာနေစေပါါတယ်။ 

 

Source Asia.nikkei

#MyanmarAutomobileGuide

Telegram Channel https://t.me/Guid4U

Read 9013 times