ထိုင်းအစိုးရ အီးဗီအထောက်အပံ့များ ရယူရန် Toyota က သဘောတူညီချက် လက်မှတ်ရေးထိုး
Toyota Motor Thailand က ဧပြီလ ၂၉ ရက် သောကြာနေ့မှာ ဘက်ထရီ လျှပ်စစ် မော်တော်ယာဉ်များ battery electric vehicles (BEVs) အတွက် အခွန်လျှော့ပေါ့မက်လုံးများနှင့် အစိုးရအထောက်အပံ့များ ရယူဖို့ သဘောလက်မှတ်ရေးထိုးပါတယ်။
Toyota bZ4X မော်ဒယ်များအတွက် ဖြစ်ပါတယ်လို့ အခွန်ဦးစီးဌာန ညွှန်ချုပ် Lavaron Sangsnit က ပြောကြားပါတယ်။
အဆိုပါသဘောတူညီချက်ကို Great Wall Motor Manufacturing (Thailand) Co နှင့် MG Sales (Thailand) Co. တို့က လက်မှတ်ရေးထိုးပြီးပြီလို့ ၎င်းက ပြောကြားပါတယ်။
ထိုင်းအစိုးရရဲ့ ထောက်ပံ့ကူညီမှု အစီအစဉ်ကို သဘောတူ လက်မှတ်ရေးထိုးထားတဲ့ ကားထုတ်လုပ်ရေး ကုမ္ပဏီအနေဖြင့် လက်မှတ်ရေးထိုးပြီးသည့်နောက် သုံးနှစ်အကြာ တတိယမြောက်နှစ်မှာ BEV တစ်စီး တင်သွင်းရင် ထိုင်းပြည်တွင်းမှာ BEV တစ်စီး မဖြစ်မနေ ထုတ်လုပ်ရပါတယ်။
တစ်နည်းဆိုရသော် တတိယမြောက်နှစ်မှာ တင်သွင်းစီးေရ နှင့် ပြည်တွင်းထုတ်လုပ်စီးရေ အချိုးက ၁း၁ ဖြစ်ပါတယ်။
စတုတ္ထမြောက်နှစ်မှာ ၁:၁.၅ ဖြစ်ပါတယ်။
BEV အတွက် အခွန်နှုန်းထားကို ယခင် ၈% အစား ၂% ဖြင့် ၂၀၂၆ ခုနှစ်အထိ လျှော့ပေါ့ပေးထားမှာ ဖြစ်ပါတယ်။ ထို့ပြင် ကားတစ်စီးဝယ်ယူလျှင် ဘတ် ၇၀,၀၀၀~၁၅၀,၀၀၀ ထောက်ပံ့ကြေး ပေးပါတယ်။
BEV သွင်းကုန်ခွန်ကို ၄၀% မကျော်ရလို့ ပြဋ္ဌာန်း ပေးထားပါတယ်။
BEV ကို ဂျပန်နိုင်ငံမှ တင်သွင်းလျှင် သွင်းကုန်ခွန် ၂၀% စည်းကြပ်ပါတယ်။ တောင်ကိုရီးယား သို့မဟုတ် အီးယူမှ တင်သွင်းလျှင် ၄၀% စည်းကြပ်ပါတယ်။ တရုတ်နိုင်ငံမှ တင်သွင်းလျှင် နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက် ရှိတာေကြာင့် ၀% ဖြစ်ပါတယ်။
အခွန်လျှော့ပေါ့မှုများနှင့် အစိုးရထောက်ပံ့ကြေးတို့ကြောင့် BEV တစ်စီး ဝယ်ယူရင် ဘတ် ၁၅၀,၀၀၀~၂၀၀,၀၀၀ သက်သာပါတယ်။