Toyota ရဲ့ ပထမဆုံး လျှပ်စစ်ကား ဂျပန်တွင် မရောင်း
Toyota Motor ရဲ့ ပထမဆုံး အပြည့်အဝ လျှပ်စစ်ကားမော်ဒယ်ကို အမြောက်အမြား ထုတ်လုပ်တဲ့အခါ ဂျပန်ပြည်တွင်း ဈေးကွက်မှာ ရောင်းချြခင်း မပြုဘူးလို့ ဆိုပါတယ်။
ယခုနှစ်အတွင်း စတင် ထုတ်လုပ်မယ့် အီးဗီတွေကို အပြည့်အဝလျှပ်စစ်ကား သုံးစွဲဖို့ အဆင်ပြေမယ့် နိုင်ငံတွေမှာသာ ရောင်းချမှာ ဖြစ်ပါတယ်။
အဦးဆုံးအနေဖြင့် ထုတ်လုပ်မယ့် အပြည့်အဝ လျှပ်စစ်ကား bZ4X က sport utility vehicle (SUV) အမျိုးအစား ဖြစ်ပါတယ်။
မေလ သို့မဟုတ် ဇွန်လမှာ အရောင်းစဖွင့်တဲ့အခါ အရောင်းကိုယ်စားလှယ်များမှတစ်ဆင့် ရောင်းချခြင်း မပြုဘဲ Kinto subscription service မှတစ်ဆင့် မှာကြားရမှာ ဖြစ်ပါတယ်။ subscription စနစ်ဖြင့်သာ လျှပ်စစ်ကားများကို ရောင်းချပေးမှာ ဖြစ်ပါတယ်။
ကော်ပိုရိတ်အနေဖြင့် ဝယ်မယ်ဆိုရင်တော့ Rent-a-Lease ကိုယ်စားလှယ်များမှတစ်ဆင့် မှာကြားရမှာ ဖြစ်ပါတယ်။
Toyota က ဂျပန်ပြည်တွင်းဈေးကွက်မှာ bZ4X ကို မရောင်းဖို့ ဆုံးဖြတ်ရတာက ဂျပန်မှာ အားသွင်းစတေရှင်တွေ မရှိလို့ ဖြစ်ပါတယ်။ လျှပ်စစ်ကားကို ဈေးကြီးပေးဝယ်လိုကြမှာ မဟုတ်တဲ့အတွက် ဂျပန်ဈေးကွက်ကို Toyota က လက်ရှောင်ထားလိုက်ပါတယ်။
ဇန်နဝါရီ လကုန်ပိုင်းမှာ ရေးဆွဲထားတဲ့ အစီအစဉ်အရ Toyota က bZ4X ကို ဧပြီလမှာ စတင်ထုတ်လုပ်မယ်။ ၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ကမ္ဘာတစ်လွှားမှာ စီးရေ ၆၀,၀၀၀ မျှသာ ထုတ်လုပ်ဖို့ လျာထားပါတယ်။
၂၀၂၃ မှာ စီးရေ ၅၀,၀၀၀ ခန့် ထုတ်လုပ်ဖို့ လျာထားပါတယ်။
ဂျပန်ပြည်တွင်းမှာ မဖြစ်မနေ ရောင်းရရင် အနည်းအကျဉ်းသာ ရောင်းချပေးမှာ ဖြစ်ပြီး စုစုပေါင်း ထုတ်လုပ်စီးရေရဲ့ ၁၀% အောက်မှာ ဖြစ်ပါလိမ့်မယ်။
အပြည့်အဝ လျှပ်စစ်ကားတွေကို မြောက်အမေရိက၊ ဥရောပ တိုမှာ အားလုံးနီးပါး ရောင်းချမှာ ဖြစ်ပါတယ်။
Toyota က ရောင်းဈေးကိုလည်း အသိပေးခဲ့ပါတယ်။ bZ4X အနည်းဆုံးဈေး က ယူကေမှာ ပေါင်၄၁,၉၅၀ (ကန်ဒေါ်လာ ၅၆,၉၀၀) ဖြစ်ပါတယ်။