ပစ္စည်းမရသဖြင့် ရုရှားတွင် ထုတ်လုပ်မှု ပိတ်သိမ်းရန် Toyota ဆုံးဖြတ်


ပစ္စည်းမရသဖြင့် ရုရှားတွင် ထုတ်လုပ်မှု ပိတ်သိမ်းရန် Toyota ဆုံးဖြတ် 

ဂျပန် Toyota Motor Corp က ရုရှားတွင် အဓိကကျသည့် ပစ္စည်းများနှင့် အစိတ်အပိုင်းများ ထောက်ပံ့မှုပြတ်တောက်မှုကြောင့် မော်တော်ကားထုတ်လုပ်မှုကို ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း သောကြာနေ့ (စက်တင်ဘာ ၂၃)တွင် ပြောကြားခဲ့သည်။

Toyota သည် ရုရှားနိုင်ငံ စိန့်ပီတာဘတ်မြို့ရှိ စက်ရုံကို ပစ္စည်းမရသဖြင့် ၂၀၂၂ မတ်လတွင် ထုတ်လုပ်မှု ရပ်ခဲ့ပါသည်။

အဆိုပါစက်ရုံတွင် Camry နှင့် RAV4 မော်ဒယ်များ ထုတ်လုပ်ပါသည်။ တစ်နှစ်လျှင် စီးရေ တစ်သိန်း ထုတ်လုပ်နိုင်စွမ်း ရှိပါသည်။

"ရပ်ဆိုင်းကာလအတွင်း ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏လုပ်သားအင်အားကို အပြည့်အဝထိန်းသိမ်းထားပြီး အခြေအနေများခွင့်ပြုပါက ထုတ်လုပ်မှုပြန်လည်စတင်ရန် ကျွန်ုပ်တို့၏စက်ရုံသည် အဆင်သင့်ဖြစ်နေကြောင်း သေချာ‌ေအာင် ဆောင်ရွက်သွားမည်"ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
သို့သော် ၆ လကြာပြီးချိန်တွင် ပြန်လည်ပတ်ဖို့ မဖြစ်နိုင်လျှင်ဖြစ်စေ၊ ပြန်လည်ပတ်ဖို့ လမ်းစ မမြင်လျှင်ဖြစ်စေ စက်ရုံကို အပြီးအပိုင် ပိတ်သိမ်းမည်ဟု ကြေညာချက်တွင် အသိပေးထားပါသည်။

ယခုအခါ ၆ လပြည့်ပြီဖြစ်ပြီး ပြန်လည်ပတ်ဖို့ မဖြစ်နိုင်သဖြင့် ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ပါသည်။
Toyota နှင့် Lexus ယာဉ်ပိုင်ရှင်များအတွက် ဝန်ဆောင်မှု ဆက်လက်ပေးအပ်ရန် လက်လီအရောင်းကွန်ရက်ကို ဆက်လက်လုပ်ကိုင်မည်ဟု Toyota က ပြောကြားပါသည်။
Source Reuters
#MyanmarAutomobileGuide 

Read 6650 times