Toyota နှင့် Stellantis တို့ လုပ်ငန်းသုံးယာဉ်များ ပူးပေါင်းထုတ်လုပ်မည်


Toyota နှင့် Stellantis တို့ လုပ်ငန်းသုံးယာဉ်များ ပူးပေါင်းထုတ်လုပ်မည်

 

Toyota Motor Europe နှင့် အကျိုးတူ ပူးပေါင်းပြီး လုပ်ငန်းသုံးယာဉ်ကြီးများ ထုတ်လုပ်မည်ဖြစ်ပြီး လျှပ်စစ်မော်တော်ယာဉ် မော်ဒယ်များလည်း ပါဝငါကြောင်း ၂၀၂၂ မေလ ၃၀ ရက်မှာ Stellantis က ကြေညာချက် ထုတ်ပြန်ပါတယ်။
ဂျပန်မှ Toyota Motor Corp လက်အောက်ခံ Toyota Motor Europe ကို ဥရောပဈေးကွက်အတွက် လုပ်ငန်းသုံးယာဉ်ကြီးများကို Toyota အမည် brandဖြင့် Stellantis က ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ ပိုလန်နိုင်ငံနှင့် အီတလီနိုင်ငံတို့တွင် တည်ရှိတဲ့ Stellantis ရဲ့ မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံများမှာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

လုပ်ငန်းသုံး ဗင်ကားအကြီးစားများကို ၂၀၂၄ နှစ်လယ်ပိုင်းမှာ ထုတ်လုပ်မှု စတင်ဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။ 
Toyota Motor Europe အနေဖြင့် လုပ်ငန်းသုံးယာဉ် အကြီးစားများ ဈေးကွက်အပိုင်းမှာ ပထမဆုံးအကြိမ် ဝင်ရောက်တာ ဖြစ်ပါတယ်။
အီတလီမှ Stellantis ရဲ့ စက်ရုံမှာ လောလောဆယ် Peugeot, Citroen ,  Fiat တို့အတွက် လုပ်ငန်းသုံးယာဉ်ကြီးများ ထုတ်လုပ်ပေးနေပါတယ်။ 
အွန်လိုင်းဈေးဆိုင်များက တွင်း ပစ္စည်းပေးပို့မှု လုပ်ငန်းများထံ ပါဆယ်ထုပ်များ ပို့ပေးဖို့ အလုပ်အပ်နှံကြတာကြောင့် ယခုအခါ မြိုတွင်း ပစ္စည်းပေးပို့မှု လုပ်ငန်းများက ပါဆယ်ပစ္စည်းပေးပို့ရတဲ့ပမာဏ ပိုမိုများပြားလာတဲ့အတွက် ကုန်တင်ဖို့ ဗင်ကားကြီးများ ပိုမိုဝယ်ယူနေကြပြီး တစ်ကြိမ်တည်းမှာ  စီးရေများများ ဝယ်ယူကြလေ့ ရှိပါတယ်။ လျှပ်စစ်မော်တော်ယာဉ် အမျိုးအစား ကုန်တင်ယာဉ်များလည်း အဝယ်လိုက်နေပါတယ်။ 
ကားထုတ်လုပ်သူများက လုပ်ငန်းသုံးယာဉ်ဗင်များကို အခြားလုပ်ငန်းထံ အလုပ်အပ်နှံ ထုန်လုပ်ခိုင်းခြင်းဖြင့် ကုန်ကျစရိတ်ကို လျှော့ချနေကြပါတယ်။ +

Read 1466 times