မိုင် ၁ သန်းကျော် မောင်းထားတဲ့ ပစ်ကပ်ကားကို လေ့လာပြီး Toyota က မော်ဒယ်အသစ်ထုတ်


မိုင် ၁ သန်းကျော် မောင်းထားတဲ့ ပစ်ကပ်ကားကို လေ့လာပြီး Toyota က မော်ဒယ်အသစ်ထုတ်

TO GET INSTANT UPDATE  
Join Telegram Channel  
https://t.me/Guid4U

Toyota က Tundra မော်ဒယ်အသစ်ကို ဖန်တီးနေစဉ် မိုင် ၁ သန်းကျော် မောင်းနှင်ထားတဲ့ Tundra  မော်ဒယ်အဟောင်းကို အသေးစိတ် လေ့လာခဲ့ပါတယ်။ 
Victor Sheppard ရဲ့ ၂၀၀၇ မော်ဒယ် ပစ်ကပ်ထရပ် Tundra ကို Toyota က လေ့လာခဲ့တာ ဖြစ်ပြီး အရေးပါတဲ့ အချက်များ သိခွင့်ရခဲ့ပါတယ်။ 

၂၀၁၆ ခုနှစ်မှာ  Toyota က  မိုင်တစ်သန်းကျော်‌ မောင်းနှင်ထားပြီးဖြစ်တဲ့  2007 Tundra ကို ၎င်း၏မူရင်းပိုင်ရှင် Victor Sheppard ထံမှ ဝယ်ယူခဲ့ပါတယ်။ ကုမ္ပဏီမှ အင်ဂျင်နီယာများက လေ့လာလိုတဲ့အတွက် ဝယ်ယူရခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့ပြီး မော်ဒယ်အသစ် ထွက်လာတဲ့အခါ တစ်စီးကို လက်ဆောင်ပေးမှာဖြစ်ကြောင်းလည်း ကတိပေးခဲ့ပါတယ်။
ခြောက်နှစ်ကြာပြီးချိန်မှာ Toyota က လေ့လာသိရှိခဲ့တဲ့ အချက်များအနက် အချို့ကို ကောက်နုတ်တင်ပြခဲ့ပါတယ်။


ကားမှာ ပွန်းစားထားတဲ့နေရာတွေ လိုက်ရှာပါတယ်။ 
ကားအုံနာ Sheppard က အရပ် ၆ပေခွဲ မြင့်တယ်။ ကိုယ်အလေးချိန် ၄၂၅ ပေါင် ရှိပါတယ်။ သူ ထိုင်နေကျ ယာဉ်မောင်းထိုင်ခုံက အကောင်းပကတိ ရှိနေဆဲဖြစ်ပါတယ်။ 
စက်အစိတ်အပိုင်းတွေလည်း ကြံ့ခိုင်နေဆဲ ဖြစ်ပါတယ်။ အင်ဂျင်နှင့် ဂီယာအုံတို့ ကောင်းနေဆဲ ဖြစ်ပါတယ်။ 
အကြီးမားဆုံးပြဿနာ ၂ ရပ်ကို တွေ့ပါတယ်။ ခရီးမိုင်ပြ ဒိုင်ခွက်က 999,999 မှာ မိုင်ကုန်ဖြစ်နေတယ်။ 
နောက်ဘက် ပစ္စည်းတင်တဲ့နေရာမှာ ပစ္စည်းတွေ အတင်အချ အကြိမ်ကြိမ်ပြုခဲ့သဖြင့် ပွတ်တိုက် ပွန်းစားထားတာ တွေ့ရတယ်။ 

မော်ဒယ်အသစ်မှာ ပွတ်တိုက်ပွန်းစားတာကို ခံနိုင်ရည် ပိုကောင်းတဲ့ သတ္တုစပ်တစ်မျိုးကို ပြောင်းလဲသုံးစွဲပေးလိုက်ပါတယ်။ ၎င်းသတ္တုစပ်က ပိုပေါ့ပါးပြီး ကြံ့ခိုင်ရည်ပိုမြင့်မားပါတယ်။ကြမ်းခင်းကို အကြမ်းခံနိုင်ရည် စမ်းသပ်မှု အမျိုးမျိုး ဆောင်ရွက်ခဲ့ပါတယ်။ 
 Tundra တတိယမျိုးဆက်သစ်မှာ တာရှည်ခံခြင်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခဲ့ပါတယ်။ အင်ဂျင်ကိုလည်း ယခင်မော်ဒယ်မှာ သုံးစွဲခဲ့တဲ့ V8 အစား ဆီစားသက်သာ‌တဲ့ V6 ကို ပြောင်းလဲ သုံးစွဲပါတယ်။ အဆောင့်ဒဏ် သက်သာအောင် ‌ယာဉ်နောက်ဘက် အောက်ပိုင်းမှာ ကွိုင်စပရင်များ ထည့်ပေးပါတယ်။ 
 

 

 

Read 8886 times