Toyota တစ်နှစ်တာ ထုတ်လုပ်မှု လျာထားချက် ပြင်ဆင်သတ်မှတ်မည်ဟု ပြောကြား


Toyota တစ်နှစ်တာ ထုတ်လုပ်မှု လျာထားချက် ပြင်ဆင်သတ်မှတ်မည်ဟု ပြောကြား

 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

 

 

ကားတပ်ဆင်ထုတ်လုပ်ဖို့ ပစ္စည်းများ အထူးသဖြစ် ချစ်ပ်များ အလုံလောက်အချိန်မီ မရတာကြောင့် မတ်လကုန်မှာ ကုန်ဆုံးမယ့် ဘဏ္ဍာရေးနှစ် တစ်နှစ်တာကာအတွင်း ထုတ်လုပ်စီးရေ လျာထားချက်ကို လျှော့ချမယ်လို့ Toyota Motor က ပြောကြားပါတယ်။ စီးရေ မည်မျှလျှော့ချမလဲ ဆိုတာကိုတော့ ဆန်းစစ်နေဆဲ ဖြစ်ပါတယ်။ 
ယခုနှစ်မှာ စီးရေ ၉.၇ သန်း ထုတ်လုပ်ဖို့ လျာထားချက်က မဖြစ်နိုင်တော့တာ သေချာနေပါပြီ။ ယခင့်ယခင်နှစ် ၂၀၂၀-၂၁ မှာ စီးရေ ၈.၁၈ သန်း၊ ယခင်နှစ် ၂၀၂၁ - ၂၂ မှာ စီးရေ ၈.၅၆ သန်း ထုတ်လုပ်ခဲ့ပါတယ်။ ယခုနှစ်မှာလည်း ၈ သိန်းပတ်လည် ဖြစ်လိမ့်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။

Toyota Motor က အစီးရေ ၉.၇ သန်း ထုတ်လုပ်မယ့် အစီအစဉ်ကို ပြောင်းလဲမည်မဟုတ်ကြောင်း စက်တင်ဘာလကုန်တွင် ပြောကြားခဲ့ပါတယ်။ ယခု အောက်တိုဘာလကျမှ လက်လျှော့လိုက်တာ ဖြစ်ပါတယ်။ 

Toyota Motor က ချစ်ပ်ပြတ်တောက်မှုကြောင့် လာမယ့် နိုဝင်ဘာလအတွက် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုလျာထားချက်ကို အစီးရေ ၈ သိန်း ခန့်သို့ လျှော့ချခဲ့ပါတယ်။ ၂ သိန်းခွဲကို ဂျပန်မှာ ထုတ်လုပ်ပါမယ်။ ကျန်တဲ့ ၅ သိန်းခွဲကို ပြည်ပမှာ ထုတ်လုပ်ပါမယ်။ 
ဂျပန်ပြည်တွင်း ထုတ်လုပ်မှုမှာ စက်ရုံ ၁၄ ရုံရှိပြီး ထုတ်လုပ်ရေးလိုင်း ၂၈ ခု ရှိပါတယ်။ နိုဝင်ဘာလမှာ စက်ရုံ ၈ ခုမှ ထုတ်လုပ်ရေးလိုင်း ၁၁ ခုကို ၂ ရက်မှ ၉ ရက် ကြာသည်အထိ ရပ်ဆိုင်းထားရလိမ့်မယ်လို့ Toyota က ပြောကြားပါတယ်။ 
ထုတ်လုပ်မှု ရပ်ဆိုင်းမယ့်အထဲမှာ Corolla, Corolla Cross, RAV4, Camry, Crown, Land Cruiser Prado , 4Runner တို့ ပါဝင်ပါတယ်။ ထို့အပြင်  Lexus LS, IS RC, NX, UX, ES, GX တို့လည်း ပါဝင်ပါတယ်။
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

Read 7907 times