နည်းပညာ မူပိုင်ခွင့်ကို ဖြေလျော့ပေးဖို့ ပြင်ဆင်နေတဲ့ Toyota


ကမ္ဘာပေါ်မှာ ကားတွေကနေ ကာဗွန်ဒိုင်အောက်ဆိုဒ် လျေ့ချနိုင်ရေးအတွက် လျှပ်စစ်ကားတွေကို ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင် နေကြပါတယ်။

လျှပ်စစ်ကားဈေးကွက်မှာ Toyota ဟာ Hybrid နည်းပညာနဲ့ ဦးဆောင်နေပါတယ်။ Hybrid နည်းပညာသုံး ကားများဟာ လျှပ်စစ်သီးသန့်ကားတွေထက် ကုန်ကျစရိတ်ပိုမိုသက်သာပါတယ်။ ယင်းနည်းပညာသုံးကားများကို Toyota ကသာ အများဆုံးထုတ်လုပ်နေတာဖြစ်ပါတယ်။

Toyota ဟာ ယခုရက်ပိုင်းအတွင်း ကြေညာချက်နှစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။ ပထမအချက် အနေနဲ့ ၎င်းတို့ရဲ့ လျှပ်စစ်ကားထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ နည်းပညာ ၂၄၀၀၀ ရဲ့မူပိုင်ခွင့်ကို ဖြေလျော့ပေးခဲ့ပါတယ်။ မည်သူ့ကိုမဆို အသုံးပြုခွင့် ပေးလိုက်တာပါ။ ယင်း ၂၄၀၀၀ ဆိုတဲ့အရေအတွက်ထဲမှာ စမ်းသပ်နေဆဲ နည်းပညာများလဲ ပါဝင်ပါတယ်။

ဒုတိယအချက်ကတော့ Toyota ရဲ့ motors, batteries, PCUs, control ECUs အစရှိတဲ့ ကားအစိတ်အပိုင်းများကို တပ်ဆင်အသုံးပြုမည်ဆိုပါက ကားထုတ်လုပ်မှုနဲ့ ရောင်းချမှုအတွက်ပါ နည်းပညာပိုင်း ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ သတင်းတွေရဲ့ဖော်ပြမှုအရ သိရပါတယ်။

 

Read 690 times