ဇွန်၊ ဇူလိုင်တွင် ဂျပန်ထုတ်လုပ်မှုကို Toyota ရပ်နားရဦးမည်
တိုယိုတာမော်တော်ကော်ပိုရေးရှင်းက တစ်ပိုင်းလျှပ်ကူးပစ္စည်းပြတ်လပ်မှုနှင့် ၎င်းထံသို့ ပစ္စည်းပေးသွင်းသူလုပ်ငန်းတစ်ခုမှာ COVID-19 ဖြစ်ပွားမှုကြောင့် ဇွန်လနှင့် ဇူလိုင်လတွင် ဂျပန်ပြည်တွင်းစက်ရုံခွဲများ ထုတ်လုပ်မှုကို ဆိုင်းငံ့ထားရန် စီစဉ်နေကြောင်း ကြာသပတေးနေ့ (ဇွန်လ ၁၆ ရက်)တွင် ပြောကြားခဲ့ပါတယ်။
Toyota Motor ထံ ပစ္စည်းပေးသွင်းတဲ့ လုပ်ငန်းတစ်ခုမှာ လုပ်သားတွေ COVID-19 ကူးစက်မှု ဖြစ်ပွားသဖြင့် အလုပ်ရပ်ထားရပြီး နောက်ထပ် ပစ္စည်းပေးသွင်းသူတစ်ဦးကတော့ စက်ကိရိယာ ချို့ယွင်းမှု ဖြစ်ပွားတာကြောင့် ထုတ်လုပ်မှု လျော့ကျနေတယ်လို့ Toyota Motor က ပြောကြားပါတယ်။
ကြာသပတေးနေ့ ကြေညာချက်ဟာ မော်တော်ယာဉ် ထုတ်လုပ်မှုစီးရေမှာ ကမ္ဘာ့အများဆုံး ဖြစ်တဲ့ Toyota Motor Corp အဖို့ ထုတ်လုပ်မှု ရပ်ဆိုင်းရမည်ဖြစ်ကြောင်း ယခုနှစ်အတွင်း တတိယအကြိမ်မြောက် ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဇွန်လ ထုတ်လုပ်မှုမှာ မူလအစီအစဉ်ထက် စီးရေ ၁၂ % လျော့နည်းမှာ ဖြစ်ပါတယ်။
ယခု လျာထားချက် အသစ်အရ ကမ္ဘာတစ်လွှားမှ Toyota Motor မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံများမှာ ဇွန်လအတွင်း စီးရေ ၇၅၀,၀၀၀ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
ဇူလိုင်လအတွက် လျာထားချက်ကိုတော့ ထုတ်ပြန်ကြေညာခြင်း မပြုသေးပါဘူး။
တစ်နှစ်တာ လျာထားချက် ဖြစ်တဲ့ ကမ္ဘာတစ်လွှား စုစုပေါင်း စီးရေ ၉.၇ သန်း ထုတ်လုပ်မယ့် ရည်မှန်းချက်ကို ဆက်လက်ကိုင်စွဲထားဆဲ ဖြစ်ပါတယ်။
#MyanmarAutomobileGuide