Toyota  အမေရိကန်တွင် တစ်နှစ်လျှင် အီးဗီ စီးရေ ၂ သိန်း ထုတ်လုပ်မည်


Toyota  အမေရိကန်တွင် တစ်နှစ်လျှင် အီးဗီ စီးရေ ၂ သိန်း ထုတ်လုပ်မည်

 

Toyota Motor သည် အမေရိကန်နိုင်ငံတွင် တစ်နှစ်လျှင် အီးဗီ စီးရေ ၂ သိန်း ထုတ်လုပ်ရန် ရည်မှန်းထားသည်။

Toyota Motor သည် အမေရိကန်နိုင်ငံ ကင်တပ်ကီပြည်နယ်တွင် လျှပ်စစ်ကားများကို ဆောလျင်စွာဖြင့် ၂၀၂၅  ခုနှစ် နွေရာသီတွင် စတင်ထုတ်လုပ်မည်ဖြစ်သည်ဟု Nikkei Asia သတင်းမီယာက သတင်းဆောင်းပါး ဖော်ပြသည်။

Toyota သည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ်မှာ ဘက်ထရီစက်ရုံ ထူထောင်ဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ်သည်။
အီးဗီ တစ်စီးလုံးမှ အခရာကျသည့် အစိတ်အပိုင်းများ အကုန်လုံးကို အမေရိကန်နိုင်ငံတွင် ထုတ်လုပ်မည် ဖြစ်သည်။ ထို့နောက် အီးဗီ တပ်ဆင်ထုတ်လုပ်မှုကိုလည်း အပြီးသတ်အထိ အမေရိကန်တွင် လုပ်ကိုင်မည် ဖြစ်သည်။

Toyota သည် ၂၀၂၆ ခုနှစ်မှ စတင်၍ အမေရိကန်နိုင်ငံတွင် နှစ်စဉ် အီးဗီ အစီးရေ  ၂ သိန်းထုတ်လုပ်ရန် ရည်မှန်းထားသည်။

အမေရိကန်တွင် အီးဗီ ထုတ်လုပ်မည့် အစီအစဉ်သည် Toyota က ၂၀၂၆ ခုနှစ်တွင် တစ်နှစ်လျှင် အီးဗီ ၁ သန်း ထုတ်လုပ်မည့် အစီအစဉ်မှ အပိုင်းကဏ္ဍ တစ်ခု ဖြစ်သည်။

     Advertisement

Click Here > CAG
Toyota သည် တစ်နှစ်လျှင် ကားစီးရေ ၁၀ သန်း ရောင်းချရန် ရည်မှန်းထားရာ၌ စီးရေ ၁ သန်း (၁၀%) ကို အီးဗီစစ်စစ်များ ထုတ်လုပ်ရောင်းချမည် ဖြစ်သည်။ အီးဗီ တစ်နှစ်လျှင် စီးရေ ၁ သန်း ထုတ်လုပ်ရန်အတွက် ဂျပန်၊ တရုတ်နှင့် အိန္ဒိယ နိုင်ငံများတွင်လည်း အီဗီများ ထုတ်လုပ်မည် ဖြစ်သည်။

 အမေရိကန်တွင် ထုတ်လုပ်မည့် အီးဗီများသည် sport utility vehicle SUV မော်ဒယ်များ ဖြစ်ပါသည်။

ပစ္စည်းပေးသွင်းမည့်သူများကို ၂၀၂၃-၂၅ အစီအစဉ် အသိပေးထားရာ၌ စစချင်းတွင် တစ်လလျှင် စီးရေ ၁,၀၀၀ ထုတ်လုပ်မည်။ ထို့နောက် တိုးချဲ့ထုတ်လုပ်သွားမည်ဖြစ်ပြီး ၂၀၂၅ နှစ်ကုန်တွင် တစ်လ စီးရေ ၁ သောင်း ထုတ်လုပ်မည်။
 
Toyata သည် ၂၀၂၂ တွင် Toyata နှင့် Lexus အမှတ်တံဆိပ်များဖြင့် အီးဗီစုစုပေါင်း စီးရေ ၂၄,၀၀၀ ထုတ်လုပ်ခဲ့ပါသည်။
Source Asia Nikkei 
 

Read 1659 times