ကျပ်သိန်း ၂၅၀ ဝန်းကျင်ဖြင့် ရွေးချယ်သင့်သည့် Toyota Vios


လက်ရှိမူဝါဒနဲ့ ကားတင်သွင်းမယ်ဆိုရင် ၂၀၁၆ မိုဒယ်နဲ့အထက် ဘယ်မောင်းကားကိုသာ တင်သွင်းခွင့် ရမှာဖြစ်လို့ Belta နေရာမှာ အစားထိုးမဲ့ကားက သူရဲ့ပုံပြောင်းဖြစ်တဲ့ Toyota Vios ပဲဖြစ်ပါတယ်။

Toyota Belta ထုတ်လုပ်မှုကို ၂၀၁၂ခုနှစ်မှာ အဆုံးသတ်ခဲ့ပြီးနောက် သူ့နေရာမှာ Vios ကို အစားထိုးထုတ်လုပ်ခဲ့ပါတယ်။ Vios ရဲ့ အမည်နာမက Latin ဘာသာစကားဖြစ်ပြီး “To Move Forward” လို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ Vios ကို Toyota Yaris Sedan လို့လည်း လူသိများပါတယ်။ Vios ကို အာရှပစိဖိတ် ဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး ကားအစိတ်အပိုင်း ထုတ်လုပ်တပ်ဆင်မှုတွေကိုလဲ တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ် နဲ့ ထိုင်း နိုင်ငံတို့မှာ တပ်ဆင်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Sedan ကားတွေကို Segment Class သုံးပိုင်း ခွဲထားရာမှာ Vios က B-Segment ထဲမှာ ပါဝင်ပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင်လဲ Corolla နဲ့ Camry တို့ရဲ့နောက်မှာ Vios ကို Second Class အနေနဲ့ သတ်မှတ်ထားပါတယ်။ ဒီကားက Luxury-Sport ဒီဇိုင်းဖြစ်ပြီး ရှေ့ရှဲလ်က အင်္ဂလိပ်အက္ခရာ V ပုံသဏ္ဏာန်နဲ့ အပြင်ပိုင်း ကိုယ်ထည်ကို သုံးဖက်မြင်ဒီဇိုင်း ထုတ်လုပ်ထားပါတယ်။ အတွင်းခန်းအရောင်ကို ဆင်စွယ်ရောင်နဲ့ အနက်ရောင် နှစ်မျိုးထုတ်လုပ်ထားပြီး Grade တွေကို J,E,G,S လေးမျိုးခွဲထားပါတယ်။ G နဲ့ S Grade မှာ Push-Start ၊ Digital Aircon ဖြစ်သွားပြီး ၂၀၁၆ခုနှစ်မှာ ထုတ်လုပ်တဲ့ A Special Exclusive Grade မှာဆိုရင် Leather ထိုင်ခုံ၊ Piano အရောင် စတီယာရင် ၇လက်မရှိတဲ့ Original Touch Screen ၊ Bluetooth ၊ TV စတာတွေ ပါရှိပါတယ်။

ဈေးနှုန်း

Toyota Vios ကို Showroom အကျ ၂၀၁၅၊ ၂၀၁၆ မိုဒယ် ဝယ်ယူမယ်ဆိုရင် ကျပ်သိန်း ၂၅၀ဝန်းကျင်မှာ ရှိပါတယ်။

အင်ဂျင်အမျိုးအစား

Toyota Belta တုန်းက အင်ဂျင်ပါဝါ ၁၀၀၀စီစီနဲ့ ၁၃၀၀စီစီ နှစ်မျိုးထုတ်လုပ်ခဲ့ပေမဲ့ Vios မှာတော့ ၁၀၀၀စီစီ မရှိတော့ပဲ ၁၃၀၀စီစီနဲ့ ၁၅၀၀စီစီ နှစ်မျိုးထုတ်လုပ်ထားပါတယ်။ မြန်မာပြည်ဈေးကွက်မှာတော့ ၁၃၀၀စီစီကိုပဲ တင်သွင်းမူများပါတယ်။

Read 2353 times