၂၀၂၁ ခုနှစ်မှာ Toyota ကမ္ဘာ့ကားအရောင်းရဆုံး နံပါတ် (၁) နေရာ ဆက်လက်ရရှိပြီး
VW ကနံပါတ် (၂) နေရာမှာ ဆက်ရှိနေခဲ့ပါတယ်။
ဂျပန်နိုင်ငံ နာဂိုရာ အခြေစိုက် Toyota က ကားစီးရေ အများဆုံး ရောင်းရသည့် ကုမ္ပဏီအဖြစ် နံပါတ် (၁) နေရာကို နောက်တစ်နှစ်ထပ်မံရရှိပြီး ပြိုင်ဘက် Volkswagen က ဒုတိယနေရာတွင် ဆက်ရှိနေပါတယ်။
Toyota ရဲ့ brand တွေ ဖြစ်တဲ့ Toyota, Lexus, Daihatsu တို့ရဲ့ ၂၀၂၁ မှာ ရောင်းရစီးရေ စုစုပေါင်းက ၁၀,၃၄၀,၃၃၆ စီး ဖြစ်ပါတယ်။ ၂၀၂၀ ကိုရိုနာဗိုင်းရပ်စ် ပထမနှစ်မှာထက် စီးရေ ၉၅၄,၁၉၁ စီး ပိုရောင်းခဲ့ရတာ ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၁၀.၂ % ပိုများပါတယ်။
Volkswagen Group မှ ထုတ်လုပ်တဲ့ အိမ်စီးကားနှင့် အပေါ့စား လုပ်ငန်းသုံးမော်တော်ယာဉ်များရဲ့ ၂၀၂၁ ရောင်းအားက ၈,၆၁၀,၆၀၀ စီး ဖြစ်ပြီး ၂၀၂၀ ထက် ၅.၅ % လျော့နည်းခဲ့ပါတယ်။
ယခုတွက်ချက်တဲ့ စာရင်းမှာ Toyota လက်အောက်မှ Hino (ရောင်းရစီးရေ ၁၅၅,၂၁၂)၊ Volkswagen Group လက်အောက်မှ Scania (ရောင်းရစီးရေ ၉၀,၄၀၀)၊ Volkswagen Group လက်အောက်မှ Navistar (ရောင်းရစီးရေ ၂၉,၉၀၀) တို့ကို ထည့်သွင်းတွက်ချက်ခြင်း မပြုထားပါဘူး။
Toyota Motor Corp ရဲ့ brand တစ်ခုဖြစ်တဲ့ Toyota က ၂၀၂၁ မှာ စီးရေ ၈,၉၁၂,၉၄၉ ရောင်းချခဲ့ရပါတယ်။
Toyota Motor Corp ရဲ့ နောက်ထပ် brand တစ်ခုဖြစ်တဲ့ Daihatsu က ၂၀၂၁ မှာ စီးရေ ၇၂၅,၁၇၉ ရောင်းချခဲ့ရပါတယ်။ ပြည်ပဈေးကွက်တွေမှာ ရောင်းအား တက်ခဲ့ပြီး အထူးသဖြင့် အင်ဒိုနီးရှားမှာ ရောင်းအားတက်ခဲပါတယ်။ ကားအသေးစား ထုတ်လုပ်မှုမှာ အထူးကျွမ်းကျင်တဲ့ Daihatsu က ထုတ်လုပ်တဲ့ ကားအများစုကို ဂျပန်ပြည်တွင်းဈေးကွက်မှာပဲ ရောင်းချပါတယ်။ ၂၀၂၁ ခုနှစ်မှာ ရောင်းရစီးရေ စုစုပေါင်းရဲ့ ၇၃ % ကို ဂျပန်ပြည်တွင်းမှာ ရောင်းချခဲ့တာ ဖြစ်ပြီး စီးရေအားဖြင့် ၅၂၇,၇၃၉ စီး ဖြစ်ပါတယ်။
Toyota Motor Corp ရဲ့ အမြင့်တန်း brand တစ်ခုဖြစ်တဲ့ Lexus က ၂၀၂၁ မှာ ၂၀၂၀ ထက် ရောင်းအားကျဆင်းခဲ့ပါတယ်။ စီးရေ ၇၀၂,၂၀၈ ရောင်းချခဲ့ရပြီဂ ၂၀၂၀ ထက် ၂.၃% လျော့နည်းပါတယ်။
နေရာဒေသအလိုက်ကြည့်ရင် ဂျပန်မှတစ်ပါး နေရာတိုင်းမှာ ရောင်းအားတက်ခဲ့ပါတယ်။ ဂျပန်မှာ ၂၀၂၁ မှာ စီးရေ ၁,၄၇၆,၁၃၆ စီး ရောင်းရပြီး ၂၀၂၀ ထက် ၁.၉% လျော့နည်းခဲ့ပါတယ်။
အမေရိကန်မှာတော့ နံပါတ်(၁) ဖြစ်နေကျ GM ထက် Toyota က ပိုရောင်းရပြီး နံပါတ်(၁)နေရာကို Toyota ရယူနိုင်ခဲ့ပါတယ်။ Myanmar Automobile Guide မှာ အမေရိကန်ကားဈေးကွက်ထဲ GM နှစ်ပေါင်း ၉၀ ဆောင်းခဲ့တဲ့သရဖူကို Toyota ရယူ ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
Toyota ရဲ့ brand တွေ ၂၀၂၁ မှာ ရောင်းချရတဲ့ကားတွေကို သုံးစွဲတြဲ စွမ်းအင်အရ ကြည့်ရင်
လောင်စာဆဲလ် fuel cell ထောင်ဂဏန်း ရောင်းခဲ့ရပြီး စီးရေ ၅,၉၁၈ စီး ရောင်းရပါတယ်။ ၂၀၂၀ မှာ တစ်စီးမှာ မရောင်းခဲ့တဲ့ စတိ ၂မျိုးစပ် mild hybrid လည်း ထောင်ဂဏန်းသာ ရောင်းရပြီး စီးရေ ၇,၄၈၂ ရောင်းချခဲ့ပါတယ်။ mild hybrid က ကားအရှိန်တင်ရင် အင်ဂျင်ကို မော်တာက ကူပေးပါတယ်။ မော်တာချည်းသက်သက်နဲ့တော့ ကားမရွေ့ပါဘူး။
မော်တော်လှည့်အားကို စတိသဘောမျှသာ သုံးထားတာ ဖြစ်ပါတယ်။ အကျိုးကျေးဇူးက ဆီစားသက်သာစေတယ်လို့ ဆိုပါတယ်။
Toyota က Volkswagen Group ထက် ကားစီးရေး ပိုများများ ရောင်းရတာ ၂၀၂၀ နဲ့ ၂၀၂၁ နှစ်နှစ် ရှိပါပြီ။
ဒုတိယနေရာမှ Volkswagen Group က Volkswagen က ၂၀၂၁ ရောင်းအားက ၂၀၂၀ ထပ် ၈.၁% လျော့ကျခဲ့ပြီး စီးရေ ၄,၈၉၆,၉၀၀ ရောင်းချခဲ့ပါတယ်။ Audi က စီးရေ ၁,၆၈၀,၅၀၀ စီး၊ Skoda က ၈၇၈,၂၀၀ စီး ၂၀၂၁ မှာ ရောင်းချခဲ့ပါတယ်။ လုပ်ငန်းသုံးယာဉ် Volkswagen Commercial Vehicle စီးရေ ၃၅၉,၅၀၀ ၂၀၂၁ မှာ ရောင်းချခဲ့ပါတယ်။
Lamborghini, Bentley နဲ့ Bugatti ၃မျိုးစုစုပေါင်းစီးရေ ၂၃,၁၀၀ ရောင်းချခဲ့ပါတယ်။
Seat က ၂၀၂၀ ထက် ၂၀၂၁ မှာ ရောင်းအား ၁၀.၃% တက်ခဲ့ပြီး စီးရေ ၄၇၀,၅၀၀ ရောင်းရပါတယ်။ အမြဲမြတ်တဲ့ Porsche လည်း ၁၀.၉% ရောင်းအား ပိုများခဲ့ပြီး စီးရေ ၃၀၁,၉၀၀ ရောင်းရပါတယ်။
ပထဝီအပိုင်းအခြားအရ ကြည်ြရင် အနောက်ဥရောပမှာ ၂,၈၆၀,၄၀၀ စီး ရောင်းရပြီး မြောက်အမေရိကမှာ ၉၀၈,၄၀၀ စီး ရောင်းရပါတယ်။ တရုတ်ပြည်မှာ ၃,၃၀၄,၈၀၀ စီး ရောင်းရပါတယ်။
အီးဗီစီးရေ ၄၅၂,၁၀၀ ရောင်းချရပါတယ်။ Volkswagen Group ရောင်းရစီးရေ စုစုပေါင်းရဲ့ ၉.၂% ရောင်းရပါတယ်။ အီးဗီအဓိကဈေးကွက် ၃ ခုဖြစ်ကြတဲ့ ဉရောပမှာ ၃၁၀,၄၀၀ စီး၊ အမေရိကန်မှာ ၃၇,၂၀၀ စီး၊ တရုတ်မှာ ၉၂,၇၀၀ စီး ရောင်းရပါတယ်။