Toyota Yaris ကားတွင်ဖြစ်ပေါ်လေ့ရှိသော ပြဿနာတစ်စုံတစ်ရာ


Toyota Yaris ကားအမျိုးအစားသည် carcomplaints.com ၏ အဆိုအရ ၂၀၀၈ မိုဒယ်သည် ကွန်ပလိန်းအများဆုံးဖြစ်ပြီး ကားစက်ဖုံးနှင့် ကားအမိုးပေါ်များတွင် ဆေးများ အလိပ်လိုက်ကွာထွက်ခြင်းမျိုး အဖြစ်များပါသည်။

၁။ အင်ဂျင်တုန်ခါခြင်း

၂၀၀၇ မိုဒယ်မှ ၂၀၁၃ မိုဒယ်အထိ ပျမ်းမျှ ၉၇၀၀၀ ကျော် မောင်းနှင်ပြီးသည့်အခါ အင်ဂျင်မှတုန်ခါခြင်းမျိုးဖြစ်တက်ပါသည်။

များသောအားဖြင့် မြန်နှုန်းမြင့်မောင်းနှင်ရာမှ ရပ်တန့်လိုက်သည့်အခါ ဂီယာ အပြောင်းအလဲ ပြုလုပ်သော အချိန်များတွင် အင်ဂျင်မှ သိသိသာသာ တုန်ခါပါသည်။

အင်ဂျင်နှင့် ကိုယ်ထည်ဖရိန်ကိုတွဲဆက်ပေးထားသော Engine mounts များချွတ်ယွင်းခြင်းဖြစ်ပါသည်။

၂။ အင်ဂျင်ချက်မီးလင်းခြင်း

၂၀၁၀ မိုဒယ် Toyota Yaris အော်တိုဂီယာကားအမျိုးအစားတွင် အဖြစ်များသော အင်ဂျင် ချက်မီးလင်းခြင်းသည် ကွန်ပျူတာထိုးစ်သည့်အခါ ကုတ်နံပါတ် P0713 ကို ညွှန်ပြပါသည်။

ထိုအရာသည် transaxle fluid temperature sensor နှင့် ဆက်စပ်နေပါသောကြောင့် transaxle နှင့်ဆက်စပ်နေသော ဝါယာရင်းစနစ်များကို စစ်ဆေးရမည်ဖြစ်သကဲ့သို့ အာရုံခံကိရိယာများကိုလည်းစစ်ဆေးသင့်ပါသည်။

၃။ အဲကွန်းပြဿနာ

၂၀၀၇ မိုဒယ် Yaris ကားအမျိုးအစားတွင် အများဆုံးဖြစ်သောပြဿနာမှာ ကိုယ်ထည်ပေါ်မှ ဆေးများ အလိပ်လိုက်ကွာကျတက်ခြင်းဖြစ်ပြီး ဒုတိယ အများဆုံးဖြစ်တက်သောပြဿနာမှာ အဲကွန်း(A/C Heater Problem) ပြဿနာဖြစ်ပါသည်။

ဖြစ်တက်သော ပြဿနာများက ကွန်ဒင်ဆာ (condenser) ချို့ယွင်းခြင်း၊ ပါဆင်ဂျာစီးသည့်ဘက်တွင်ရှိသော အဲကွန်းလိုင်းမှ ယိုစိမ့်ခြင်း၊ ရေပူများ အတွင်းဘက်ကို စီးကျလာခြင်းတို့ အဖြစ်များပါသည်။

အဖြစ်အများဆုံးမှာ အဲကွန်းမှ အနံ့ဆိုးများထွက်လာခြင်းဖြစ်ပြီး အဲကွန်းအသုံးပြုများသည် ဆောင်းရာသီတွင် heater ကို အသုံးမပြုဘဲ ပူအိုက်သောရာသီများတွင်သာ အဲကွန်းသုံးခြင်းများသောကြောင့်အသုံးမပြုဘဲ ထားလို့ကြာလာပါက အညစ်အကြေးများကြောင့် အနံ့ဆိုးများ ထွက်လာတက်ပါသည်။

ထို့ကြောင့် အဲကွန်းကို ဆေးကြောသန့်စင်ရန်လိုအပ်ပါသည်။

၄။ အင်ဂျင်ပြဿနာ

၂၀၀၇ မိုဒယ် Yaris ကို ပျမ်းမျှ မိုင် ၅၂၆၅၈ မိုင်ကျော် မောင်းနှင်ပြီးသည့်အခါအင်ဂျင်ချက်မီးလင်းသော ပြဿနာ အဖြစ်များပါသည်။

အင်ဂျင်ချက်မီးလင်းခြင်းသည် accelerator pedal position ချို့ယွင်းခြင်းဖြစ်ပြီး အင်ဂျင်ချက်မီးလင်း၍ ကွန်ပျူတာထိုးစစ်ချိန်တွင် accelerator pedal position sensor ချို့ယွင်းခြင်းကို ညွှန်ပြသည့်အခါအာရုံခံကိရိယာ sensor ကို အသစ်လဲလှယ်ရမည်ဖြစ်ပြီး P2420 နှင့် P0441 ကို ညွှန်ပြပါက evaporative emission system ချို့ယွင်းခြင်းဖြစ်ပါသည်။

ထို့အပြင် Gas cap နှင့် အိတ်ဇောစနစ်များကိုလည်း စစ်ဆေးသင့့်ပါသည်။

၅။ အင်ဂျင်မှ အသံမြည်ခြင်း

၂၀၀၇ မိုဒယ် Yaris ကို ပျမ်းမျှမိုင် ၁၅၀၀၀ ကျော် မောင်းနှင်ပြီးသည့်အခါ အဖြစ်များပါသည်။

တစ်နာရီ ၂၅ မိုင်နှုန်းအထက် မောင်းနှင်သည့်အခါ အင်ဂျင်က အသံမြည်လာပြီး တစ်နာရီ ၂၅ မိုင်နှုန်း နှင့် ၃၅ မိုင်နှုန်းကြား မောင်းနှင်သည့်အခါ အသံမြည်နေတက်သော်လည်း မြန်နှုန်းမြင့် မောင်းနှင့်သည့်အခါသံမမြည်ဘဲ ပုံမှန်မောင်းနှင်နိုင်ပါသည်။

တိုယိုတာထုတ်လုပ်သူများက ပုံမှန်အနေအထားဖြစ်ပြီး တစ်ခါတစ်ရံမှသာဖြစ်တက်သည့်သဘောရှိသည်ဟု ဆိုပါသည်။

၆။ စပိကွန်ထရိုးပြဿနာ

၂၀၀၇ မိုဒယ် Yaris ကို ပျမ်းမျှ မိုင် ၆၇၀၀၀ ကျော် မောင်းနှင်ပြီးသည့်အခါ အဖြစ်များပါသည်။

မြန်နှုန်းမြင့် မောင်းနှင်နေစဉ်တွင် လမ်းကြောင်းပြောင်းလဲမည်ဖြစ်သောကြောင့် အရှိန်လျှော့ချ၍ မရခြင်းဖြစ်ပါသည်။

ထိုအရာသည် accelerator sensor ချို့ယွင်းခြင်းဖြစ်နိုင်ပြီး အရှိန်ကို ထိန်းချုပ်၍ မရသည့်အတွက် အန္တရာယ်များပါသည်။

၇။ အက်စ်အာအက်စ်စနစ် ချို့ယွင်းခြင်း

၂၀၀၇ မိုဒယ် Yaris သည် ပျမ်းမျှ မို်င် ၈၀၀၀၀ ကျော် မောင်းနှင်ပြီးသည့်အခါ SRS အသက်ကယ်လေအိတ်စနစ် ချို့ယွင်းခြင်းဖြစ်ပါသည်။

အုတ်နံရံနှင့်ကား အရှိန်ပြင်းပြင်းဖြင့် တိုက်ခိုက်မိပြီး အဲဘက်မပွင့်သည့်အတွက် ထိခိုက်ဒဏ်ရာ ဖြစ်ရခြင်းဖြစ်ပါသည်။

ထိုအရာသည် SRS စနစ် ချို့ယွင်းနေသည့်အတွက် စနစ်တစ်ကျ အလုပ်မလုပ်ဘဲ ကာကွယ်မပေးနိုင်ခြင်း ဖြစ်ပါသည်။

အသက်ကယ်လေအိတ်များအပါအဝင် SRS စနစ်တစ်ခုလုံးကို စစ်ဆေးပြုပြင်ခြင်း၊ အသစ်လဲလှယ်ခြင်း ဝါယာရင်းစနစ်များကို စစ်ဆေးခြင်းများ ပြုလုပ်ရပါမည်။

 

Read 737 times