၂၀၂၃ တွင် Toyota စီးရေ စံချိန်သစ်တင် ထုတ်လုပ်ရန် လျာထား


၂၀၂၃ တွင် Toyota စီးရေ စံချိန်သစ်တင် ထုတ်လုပ်ရန် လျာထား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

၂၀၂၂ မှာ ထုတ်လုပ်စီးရေ လျာထားချက် လျှော့ချခဲ့ရတဲ့ Toyota က ၂၀၂၃ မှာ စီးရေ စံချိန်သစ်တင် ထုတ်လုပ်ရန် လျာထားပါတယ်။

ကမ္ဘာတစ်လွှား ထုတ်လုပ်မှု စီးရေ စုစုပေါင်း ၁၀.၆ သန်းကို ၂၀၂၃ တစ်နှစ်တာထုတ်လုပ်မှုအဖြစ် လျာထားပါတယ်။ 
Toyota ရဲ့ တစ်နှစ်တာထုတ်လုပ်မှု စီးရေ စံချိန်ဟောင်းက ၉.၀၅ သန်း ဖြစ်ပါတယ်။ ကိုဗစ်အကြိုကာလ ၂၀၁၉ ခုနှစ်မှာ တင်ခဲ့တဲ့ စံချိန် ဖြစ်ပါတယ်။
ကိုဗစ်ကာလမှာတော့ ချစ်ပ် ပြတ်လပ်မှုများ၊ ယာဉ်ပစ္စည်းပြတ်လပ်မှုများ ကြုံခဲ့ရပါတယ်။

"အဆိုးဆုံးအချိန်က နောက်မှာ ကျန်ခဲ့ပြီ"လို့ ယာဉ်ပစ္စည်း ဝယ်ယူရေးအဖွဲ့၏ အရာရှိချုပ် Kazunari Kumakura က ပြောကြားပါတယ်။
Toyota သည် ချစ်ပ်များ ရယူတဲ့ ရင်းမြစ်များကို တိုးချဲ့ခြင်း၊  ချစ်ပ်ထုတ်လုပ်သူများနှင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်ခြင်း၊ ပစ္စည်းပေးသွင်းသူများနှင့် ပိုမိုနီးကပ်စွာ ဆက်သွယ်ထားခြင်းတို့ဖြင့် မော်တော်ယာဉ် ထုတ်လုပ်ရေး အစီအစဥ်များကို တဖြည်းဖြည်း အားကောင်းလာစေခဲ့ပါတယ်။
Toyota က ၂၀၂၁ မှာ စီးရေ စုစုပေါင်း ၈.၅၈ သန်း ထုတ်လုပ်ပါတယ်။ ၂၀၂၂ ထုတ်လုပ်စီးရေ စုစုပေါင်းကို လာမယ့် ဇန်နဝါရီလ ၃၀ ရက်မှာ ထုတ်ပြန်ကြေညာပါမယ်။
၂၀၂၂ မှာ နိုဝင်ဘာလလကုန်အထိ Toyota နှင့်  Lexus နှစ်ခုစုစုပေါင်း စီးရေ စုစုပေါင်း ၈.၃၃ သန်း ထုတ်လုပ်ခဲ့ပါတယ်။ 
၎င်းနိုဝင်ဘာလမှာ စီးရေ ၈ သိန်း ထုတ်လုပ်ဖို့ လျာထားခဲ့ပြီး လက်တွေ့မှာ စီးရေ ၈ သိန်းကျော် ၈၃၃,၁၀၄ စီးအထိ ထုတ်လုပ်နိုင်ခဲ့ပါတယ်။

ကားအစီးရေ ၁၀ သန်းကျော်အထိ ထုတ်လုပ်မှုကို အရှိန်မြှင့်လိုက်ခြင်းသည် ဆုံးရှုံးသွားသော ထုတ်လုပ်မှုကို ပြန်လည်ဖြည့်တင်းခြင်း ဖြစ်ပါတယ်။
ယခင်က လျာထားချက်များကို Toyota အကြိမ်ကြိမ် လျှော့ချခဲ့ရပါတယ်။ 

"ထုတ်လုပ်မှုပမာဏ ဘယ်လောက်ရှိမယ်ဆိုတာ ခန့်မှန်းရခက်ပါတယ်။ ရှေ့ကိုကြည့်လိုက်ရင် ဖူလုံဖို့ ခက်တဲ့ ချစ်ပ်တွေနဲ့  ဖူဖူလုံလုံ ရဖို့အတွက် တည်တည်ငြိမ်ငြိမ်ဖြင့် ထိန်းထားနိုင်တဲ့ ချစ်ပ်တွေကို တွေ့ရပါတယ်" လို့ Kumakura က ပြောကြားပါတယ်။

Toyota ရဲ့ နောက်ဘိတ်ဆုံး ချမှတ်ခဲ့တဲ့ အစီအစဉ်မှာ စီးရေ ၇၅၀,၀၀၀ ကို ဖေဖော်ဝါရီလမှာ ထုတ်လုပ်ဖို့ လျာထားပါတယ်။ 

Toyota က ထုတ်လုပ်မှု လျာထားချက်ကို မြှင့်တင်လိုက်ပေမဲ့ လက်ထဲရှိတဲ့ လက်ကျန်ယာဉ်ပစ္စည်းများ လျော့နည်းနေဆဲ ဖြစ်ပါတယ်။ 
Toyota Motor North America မှာ ကားထုတ်လုပ်ရေးအတွက် ပစ္စည်းများ လက်ကျန် ဒီဇင်ဘာလမှာ ကားထုတ်လုပ်မှု ၂၁ ရက်စာ ကျန်ရှိပြီး ဇန်နဝါရီလဆန်းပိုင်းမှာ ၁၈ ရက်စာသာ ကျန်ပါတယ်။

Honda မှာ ၃၉ ရက်စာ ကျန်ရှိပါတယ်။ Mazda မှာ ၂၄ ရက်စာ ကျန်ရှိပါတယ်။ Ford မှာ ရက် ၆၀ စာ ကျန်ရှိပါတယ်။ 

MMM

Advertisement

Click Here >>> MMM [Min Min Maung Services)

Lexus က ချစ်ပ်ပြတ်လပ်မှု ကြုံနေရဆဲ ဖြစ်ပါတယ်။ ကားဝယ်ဖို့ မှာကြားပြီးရင် ကားရဖို့ စောင့်ဆိုင်းချိန် အနည်းဆုံး ၆ လ ကြာမြင့်ပါတယ်။
ဂျပန်နိုင်ငံရှိ စက်ရုံမှာ Lexus ထုတ်လုပ်ရေးလိုင်းများ နိုဝင်ဘာလနှင့် ဒီဇင်ဘာဘတို့မှာ ယာယီရပ်ဆိုင်းထားခဲ့ရပါတယ်။ 
Lexus ရဲ့ LS, IS, RC, ES, NX, UX,RX, GX မော်ဒယ်များ ထုတ်လုပ်မှု ထိခိုက်ခဲ့ပါတယ်။

ပရီမီယံ မော်ဒယ်များမှာ ချစ်ပ်အမျိုးမျိုး သုံးစွဲတဲ့ အရေအတွက် ပိုမိုများပြားတဲ့အတွက် ပရီမီယံ brand ဖြစ်တဲ့ Lexus အနေဖြင့် ချစ်ပ်အမျိုးစုံ အားလုံး ပြည့်ပြည့်စုံစုံဖြင့် အလုံအလောက် အစဉ်ရရှိနိုင်ဖို့ ခဲယဉ်းတာကြောင့် ၂၀၂၃ မှာ ထုတ်လုပ်မှု ယာယီရပ်ဆိုင်းထားရခြင်းများ ဆက်ရှိနေဦးမယ်လို့ ခန့်မှန်းထားပါတယ်။
Source autonews

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 3842 times