Toyota ကမ္ဘာ့ထုတ်လုပ်မှုစီးရေ ထပ်မံလျော့နည်းသော်လည်း စီးရေလျာထားချက် မပြင်


Toyota ကမ္ဘာ့ထုတ်လုပ်မှုစီးရေ ထပ်မံလျော့နည်းသော်လည်း စီးရေလျာထားချက် မပြင်

 

Toyota Motor က ဇူလိုင်လ ကမ္ဘာတစ်လွှား မော်တော်ယာဥ်ထုတ်လုပ်မှုသည် ယမန်နှစ်ထက် ၈.၆%  ကျဆင်းခဲ့ကြောင်း  အင်္ဂါနေ့ (ဩဂုတ် ၃၀) တွင် ပြောကြားပါသည်။ ကိုဗစ်ရောဂါ ဖြစ်ပွားမှု၊ ပြင်းထန်သော ရာသီဥတုနှင့် ဆက်တိုက် ချစ်ပ်ပြတ်လပ်မှုတို့ကြောင့် ထုတ်လုပ်မှုကို ထိခိုက်ခဲ့သဖြင့် လျာထားချက်ကို ၄ လဆက်တိုက် မပြည့်မီခဲ့ကြောင်း ပြောကြားပါသည်။

 

 ဇူလိုင်လတွင် ကားစီးရေ ၇၀၆,၅၄၇ ရောင်းချခဲ့ပါသည်။ လျာထားချက် စီးရေ ၈၀၀,၀၀၀ မပြည့်မီခဲ့ချေ။ ယမန်နှစ် ဇူလိုင်လတွင် စီးရေ ၇၇၃,၁၃၅ ထုတ်လုပ်ခဲ့သည်ကိုလည်း မမီချေ။ ဧပြီလတွင် စတင်ခဲ့သော လက်ရှိဘဏ္ဍာရေးနှစ် ပထမ ၄ လ ထုတ်လုပ်မှုသည် မူလလျာထားချက်ထက် ၁၀.၃% လျော့နည်းခဲ့ပါသည်။

ဇူလိုင်လ ပင်လယ်ရပ်ခြား ထုတ်လုပ်မှု ၄.၅% မြင့်တက်သော်လည်း ပြည်တွင်းထုတ်လုပ်မှု ၂၈.၂% ကျဆင်းခဲ့သည်။ ၄ လဆက်တိုက် လျာထားချက်ထက် လျော့နည်းခဲ့သဖြင့် တစ်နှစ်တာ ရည်မှန်းချက်ဖြစ်သော စီးရေ ၉.၇ သန်းကို လျှော့ချပြီး ပြင်ဆင်သတ်မှတ်ရမည့် အခြေအနေ ဆိုက်ရောက်နေသည်။ 

 

သို့သော် မူလလျာထားချက်ကို ဆက်လက်ကိုင်စွဲထားမည်ဟု Toyota Motor က ပြောကြားခဲ့သည်။ နိုဝင်ဘာလအထိ စီးရေတိုးမြှင့် ထုတ်လုပ်မည်။ စက်တင်ဘာလတွင် စီးရေ ၈၅၀,၀၀၀ အထိ ထုတ်လုပ်နိုင်လိမ့်မည်ဟု မျှော်မှန်းထားသည်။

 

Source:FMT

#MyanmarAutomobileGuide

Telegram Channel https://t.me/Guid4U

Read 538 times