တစ်ပတ်ရစ်ကားများကို ဝယ်ယူရာတွင် သိထားသင့်သောအချက်များ


ယခုလက်ရှိတွင် မြန်မာနိုင်ငံတွင် ကားသန့်သည်ဟု သတ်မှတ်၍ သွင်းထားသော ကားအများစုများသည် အခြားနိုင်ငံများတွင် အနည်းဆုံး ဆယ်စုနှစ်တစ်ခုခန့် သုံးထားပြီးသော ကားများဖြစ်ကြပါသည်။

ထိုသို့ တစ်ပတ်ရစ် တင်သွင်းထားသော ကားများကို ဝယ်ယူပါက ပြဿနာအနည်းငယ်ဖြစ်ပေါ်လေ့ရှိပါသည်။

ထိုသို့ဖြစ်ပေါ်လေ့ရှိသော ပြဿနာများကို Automobile Equipment Directory စာဖတ်ပရိတ်သတ်များသိရှိစေရန်အတွက် ဗဟုသုတအနေဖြင့် ဖော်ပြလိုက်ပါသည်။

အကယ်၍ တစ်ပတ်ရစ်ကားဝယ်ယူတော့မည်ဆိုလျှင် Engine Oil, Auto Oil လဲလှယ်သင့်ပါသည်။

ထို့အပြင် အောက်ပိုင်းစစ်နိုင်ပါက ပို၍ ကောင်းမွန်ပါသည်။

တစ်ချို့တစ်လေသောကားများတွင် စက်စတင်နှိုးလိုက်ပါက ဒိုင်ခွက်ထဲတွင် အင်ဂျင်ချက်မီး လင်းနေတက်ပါသည်။

တစ်ခါတစ်ရံ စက်သံမမှန်ခြင်းများလည်း ဖြစ်နေတတ်သောကြောင့် ယုံကြည်စိတ်ချရသော ကားဝပ်ရှော့များတွင် သေချာစစ်ဆေးသင့်ပါသည်။

အင်ဂျင်ချက်မီးလင်းရခြင်းမှာ အင်ဂျင်ပိုင်းတွင် ပြဿနာတစ်ခုခုရှိနေသောကြာင့် ဖြစ်ရပါသည်။

အင်ဂျင်ချက်မီးလင်းရသည့်အကြောင်းအရင်းမှာ ဆီလိုင်း ၊မီးလိုင်း ၊sensors ၊Wiring ၊Data များကြောင့် ဖြစ်နိုင်သည့်အတွက် Computer ထိုးစစ်ပြီး တိကျသော အဖြေကို ရှာဖွေသင့်ပါသည်။

တစ်ခါတစ်ရံတွင် ဝယ်ဝယ်ပြီးချင်းဖြစ်သော်လည်း ပြစ်ချက်များ များနေတတ်ပါသည်။

ဝယ်ပြီးသားဖြစ်နေသည့်အတွက် ပြင်ရုံမှ အပါး တစ်ခြားမရှိ ဖြစ်နေတတ်ပါသည်။

တစ်ခါတစ်ရံတွင် P0171 System too lean ဖြစ်နေတတ်ပြီး ထိုကုဒ်မှာ လေများပြီး ဆီနည်းသော ကုဒ်ဖြစ်ပါသည်။

Data ဖတ်ကြည့်ပါက MAF data စစ်ကြည့်သင့်သည့်အပြင် Injectory ဆီဖြန်းပေးနှုန်းများလည်း မှန်မှန်စစ်ဆေးပေးသင့်ပါသည်။

ထို့အပြင် O2 data များကိုလည်းစစ်ဆေးသင့်ပါသည်။

ဆီနည်းရသည့်အကြောင်းအရင်းကိုရှာပြီး Injector များ ချေးပိတ်သလား၊ ဆီကျနည်းနေသလားဆိုသည်ကို စစ်ဆေးသင့်ပါသည်။

အကယ်၍ Injector မှ ဆီကျနည်းနေပါက ဆေးကြောပေးသင့်ပါသည်။

ထို့နောက် Fuel Filter ပါဖြုတ်စစ်သင့်သည့်အပြင် Fuel Filter တွင်ချေးများပိတ်နေပါက ဖြုတ်ဆေးသင့်ပါသည်။

ထို့အပြင် Fuel Pump၊ Pump Pressure၊ Pressure Regulator များကိုလည်း စစ်ဆေးသင့်ပါသည်။

နောက်ဆုံးအနေဖြင့် သိထားသင့်သည်မှာ Used Car ကိုဝယ်ထားသော ကားချစ်သူများအနေဖြင့် ကားဘယ်လိုပင်သန့်သည်ပြောပြော သက်တမ်းတစ်ခုကို ဖြတ်သန်းပြီးသော ကားတစ်စီးကို စီးတော့မည်ဆိုလျှင် စစ်ဆေးမှု အားလုံးပြုလုပ်ပြီးမှ စတင် မောင်းနှင်သင့်ပါသည်။

 

Read 14799 times