တစ်ပတ်ရစ်ကားတွေ ဝယ်တဲ့အခါ ထိမိခိုက်မိထားသော ကားဟုတ်၊ မဟုတ်သိနိုင်သည့်အချက်များ


တစ်ပတ်ရစ်ကားတွေကိုဝယ်သည့်အခါတွင် အရေးအကြီးဆုံးမှာ အပြစ်အနာအဆာကင်းလားဆိုသည့် အချက်ဖြစ်ပါတယ်။

ထိုသို့စစ်ဆေးနိုင်သည့်အခါမှ ဈေးနှုန်းမှန်ကိုဆုံးဖြတ်နိုင်မှာဖြစ်သလို ထပ်ကြုံရလာနိုင်တဲ့အခက်အခဲတွေကိုသိနိုင်မှာဖြစ်သည့်အတွက် အက်ဆီးဒင့်ကြောင့်ထိခိုက်ဒဏ်ရာရထားဖူးသလား စစ်ဆေးနိုင်မယ့်နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

ယာဉ်မှတ်တမ်းစာအုပ်တောင်းယူပါ 

တချို့သောကားများတွင်အရင်ကားပိုင်ရှင်စာရင်းများ၊အာမခံဆိုင်ရာအချက်အလက်များ၊မတော်တဆထိခိုက်မှု မှတ်တမ်းများရှိနိုင်သည့်အတွက်အပြင်ပန်းမစစ်ဆေးခင်ယာဉ်မှတ်တမ်းကြည့်ခြင်းဖြင့် လည်းသိနိုင်ပါတယ်။

ရွှံ့ကာနဲ့ဘန်ပါကိုစစ်ဆေးပါ 

ထိုနေရာမှာအလွယ်တကူတိုက်မိဆောင့်မိတတ်တာမို့ကွဲအက်နေသလား၊ ထိခိုက်ထားတာရှိနေသလား၊ ဆေးတွေညီရဲ့လားဆိုတာ စစ်ဆေးကြည့်နိုင်ပါတယ်။

လေကာမှန်ကိုစစ်ဆေးပါ 

ကားပြတင်းပေါက်တွေအကုန်လုံးနှင့် အရှေ့အနောက်ကားလေကာမှန်တွေအကုန်လုံးမှာ ထိခိုက်မိထားတာရှိသလား စစ်ဆေးပါ။ ပဲ့နေတာ၊ အက်နေတာ၊ အသစ်လဲဖို့လိုနေတဲ့ အနေအထားရှိ၊ မရှိ စစ်ဆေးပါ။ 

ကားဘော်ဒီလိုင်းများကိုစစ်ပါ 

ကားဘော်ဒီလိုင်းတွေ ညီ ညာမှု ရှိ၊ မရှိ၊ ဆေးသားတွေ ညီ၊ မညီ စစ်ဆေးပါ။ လိုင်းမရှိတာတို့၊ လိုင်းရွဲ့နေပါကကားဘော်ဒီထိခိုက်မိထားလို့ ပြန်ထုထားတာတို့၊ လဲထားတာတို့ဖြစ်နိုင်ပါတယ်။ 

ကားတံခါးရွက်နဲ့တံခါးကြားအကွာအဝေးကိုစစ်ဆေးပါ 

ကားတံခါးပိတ်ထားချိန်မှာကားတံခါးတစ်ချပ်နဲ့တစ်ချပ်လိုအပ်တာထက်ပိုကွာနေသလား၊ အပေါ်အောက်၊ ဘေးဘယ်ညာညီညီညာညာ ပိပိရိရိရှိနေရဲ့လားဆိုတာစစ်ဆေးပါ။

တံခါးထိခိုက်ထားပါကအလိုင်းမန့်မညီတာမျိုးရှိနေတတ်သလိုအသစ်လဲထားရင်လည်း ဟာကွက်လေးတွေကျန်နေတတ်လို့ ဖြစ်ပါတယ်။ 

ကားဘီးချုပ်အမှတ်အသားများကိုစစ်ပါ 

ကားဘီးအပေါ်ဘက်နားကဖရိန်အနားစွန်းတွေ၊ ဘီးချုပ်နေ ရာတွေကို စစ်ဆေးပါ။

ကားဘော်ဒီအကြီးအကျယ်ထိခိုက်ခံထားရပါကဖရိန်စက်ပေါ်တင်ပြီးပြင်ရတာမို့အဲဒီနေရာတွေမှာအနာအဆာ တစ်ခုခုရှိနေတတ်လို့ပါ။ 

ဆေးပြန်တင်ထားသလား စစ်ပါ 

ကားဘော်ဒီအောက်နားတွေ၊ တံခါးထောင့်စတဲ့နေရာတွေကအစင်းခြစ်ရာတွေ၊ ဆေး ကွာနေတဲ့နေရာတွေကို စစ်ဆေး ကြည့်ပါ။

ထိုနေရာမှအရောင်နဲ့ဘော်ဒီကိုဆေးပြန်တင်တဲ့အရောင်နဲ့ တစ်ထပ်တည်းမကျတာ မျိုးတွေရှိနိုင်တဲ့အတွက် မူလဆေး သားလား၊ ထိခိုက်မိထားလို့ ပြန်လုပ်ထားသလား သိနိုင်ပါတယ်။

Read 10176 times