ဗီယက်နမ်တွင် အီးဗီ ပြည်တွင်းထုတ်လုပ်မှုကြောင့် ဝယ်စီးသူ ပိုများလာမည်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ဗီယက်နမ်၏ လျှပ်စစ်ကားစျေးကွက်သည် လာမည့်နှစ်များအတွင်း အရှိန်အဟုန်ဖြင့် ချဲ့ထွင်ရန် အလားအလာရှိသော်လည်း အဆိုပါ တိုးတက်မှုကို သိသိသာသာ ရပ်တန့်သွားစေနိုင်သည့် အကြောင်းတရားများလည်း ရှိနေသည်။
အိမ်စီး အီးဗီ ရောင်းအားသည် ယခုနှစ်တွင် ၂ ဆ တိုးလိမ့်မည်ဟု BMI Research က ခန့်မှန်းထားသည်။
"၂၀၂၃ မှာ အိမ်စီးအီးဗီ ရောင်းအား အစီးရေ ၁၈,၀၀၀ လောက်အထိ ရောက်ဖို့ မျှော်လင့်ထားပါသည်" ဟု BMI အစီရင်ခံစာမှာ ဖော်ပြထားပါသည်။
ဘက်ထရီသုံး လျှပ်စစ်မော်တော်ယာဉ် battery electric vehicle (BEV) အစီးရေ ၁၇,၀၀၀ နီးပါး နှင့် ပလပ်ထိုး အားသွင်း ဟိုက်ဘရစ်ယာဉ် Plug-in hybrid vehicle PHEV များ အစီးရေ ၁,၁၀၀ နီးပါး ရောင်းအား ရှိမည်ဟု BMI က ခန့်မှန်းသည်။
ဗီယက်နမ် မော်တော်ယဉ်ထုတ်လုပ်သူများအသင်းမှ အီးဗီ ပိုင်ဆိုင်မှုသည် ၂၀၂၈ ခုနှစ်တွင် အစီးရေ ၁ သန်းနှင့် ၂၀၄၀ ခုနှစ်တွင် အစီးရေ ၃.၆ သန်းအထိရှိလာမည်ဟု ခန့်မှန်းထားသည်။
၂၀၂၂ တွင် ဗီယက်နမ်တွင် အိမ်စီးကား အစီးရေ ၂၈၄,၀၀၀ ရောင်းချခဲ့ရာ၌ အီးဗီ အိမ်စီးကား အစီးရေ ၈,၄၀၀ ရောင်းချခဲ့သည်။
ဗီယက်နမ် ကားလုပ်ငန်း VinFast က ပြည်တွင်း ဈေးကွက်အတွက် အီးဗီများကို ယခုနှစ်တွင် ထုတ်လုပ်ရောင်းချသဖြင့် အီးဗီ ရောင်းချသည့် စီးရေ မြင့်တက်လာမည် ဖြစ်သည်။
VinFast, Wuling HongGuang, Skoda , Hyundai တို့က ဗီယက်နမ် ပြည်တွင်းမှာ အီးဗီများ ထုတ်လုပ်ရောင်းချကြသဖြင့် အီးဗီဈေးကွက် ကြီးထွားလာပြီး ရောင်းအားလည်း မြင့်တက်မည်ဟု BMI က ဆိုသည်။
ဗီယက်နမ်၏ အိမ်စီး အီးဗီ စျေးကွက်ကို ၂၀၂၂ ခုနှစ်တွင် VinFast က စျေးကွက်ဝေစု ၅၀% ကျော်ရယူထားပြီး လက်ရှိတွင် လွှမ်းမိုးထားသည်ဟု BMI မှ ပြောကြားသည်။ ကျန်သည့် ဈေးကွက် ဝေစုကို တရုတ် အီးဗီများက ရယူထားသည်။
တရုတ်အီးဗီများတွင် ဈေးသက်သာသည့် အီးဗီများ ပါဝင်နေခြင်းကြောင့်လည်း အီးဗီ ရောင်းချသည့် စီးရေ ပိုများမည် ဖြစ်သည်။
တရုတ် အီးဗီ အမှတ်တံဆိပ် Wuling HongGuang ၏ စျေးနှုန်းသက်သာသော mini EV သည် အိမ်စီးအီးဗီ ရောင်းချသည့် အစီးရေကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု BMI မှ ပြောကြားခဲ့သည်။
ဗီယက်နမ်တွင် Wuling Hongguang Mini EV ကို ဒေါင် ၂၃၉ သန်း ($10,065) ဖြင့် ရောင်းချသည်။
VinFast က ဈေးသက်သာသည့် အီးဗီမော်ဒယ်ကို ဧပြီလတွင် $23,000 ဖြင့် စတင်ရောင်းချသည်။
ဇန်န၀ါရီလတွင် ဗီယက်နမ်အစိုးရသည် အာဆီယံ နိုင်ငံမှ တင်သွင်းသည့် အီးဗီကို တင်သွင်းခွန် ကင်းလွတ်ခွင့် ၂၀၂၇ ခုနှစ်အထိ ပေးထားမည်ဟု ကြေညာခဲ့သည်။
ဗီယက်နမ်တွင် ဝင်ငွေနိမ့်ကျသဖြင့် ဈေးမြင့်သည့် အီးဗီ ဝယ်စီးဖို့ မတတ်နိုင်ကြချေ။ အီးဗီ ဝယ်စီးရန် မက်လုံး အစီအစဉ်များလည်း မရှိသေးချေ။ ထိုအချက် အီးဗီ ရောင်းအားကို ပြန်ဆွဲချနေသည်ဟု BMI အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကားရောင်းဈေးတွင် ဘက်ထရီဖိုး နုတ်ပယ်ပြီး ဘက်ထရီကို လစဉ်ကြေး အငှားစနစ်ဖြင့် သုံးစွဲနိုင်လျှင် အီးဗီ ဝယ်စီးသူ ပိုများလာနိုင်သည်ဟု BMI က အကြံပြုသည်။
အီးဗီဖြင့် တက္ကဆီ ဆွဲလိုသည့် ကုမ္ပဏီများအဖို့ အရင်းအနှီး လျော့ကျသွားမည် ဖြစ်သည်။
ဧပြီလတွင် တက္ကစီ အော်ပရေတာ Green SM သည် VinFast မော်ဒယ်များဖြင့် ဗီယက်နမ်တွင် အီးဗီ တက္ကစီဝန်ဆောင်မှုကို စတင်ခဲ့သည်။
အခြား တက္ကစီ အော်ပရေတာများလည်း အလားတူ လုပ်ဆောင်ကြဖွယ် ရှိသည်။
ဗီယက်နမ်တွင် အားသွင်းသည့် အခြေခံ အဆောက်အအုံ မဖွံ့ဖြိုးသေးခြင်း၊ ဓာတ်အား မလုံလောက်ခြင်း ပြဿနာများ ရှိနေသဖြင့် အီးဗီ ရောင်းအား ကြီးထွားဖို့ အဟန့်အတား ဖြစ်နေစေသည်။
အားသွင်းစခန်းအများစုသည် လက်ရှိတွင် လျှပ်စစ် စကူတာများ အပါအဝင် လျှပ်စစ် နှစ်ဘီးတပ်ယာဉ်များအတွက်သာ ဖြစ်နေသည်။
ဗီယက်နမ်မှ အီးဗီအားသွင်းအော်ပရေတာ EBOOST သည် ဗီယက်နမ်နိုင်ငံ၏ အားသွင်းကွန်ရက်ကို ချဲ့ထွင်ရန် လုပ်ဆောင်နေသည်။ အားသွင်းပွိုင့် အရေအတွက်ကို တိုးချဲ့နေသည်။
Source cnbc
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL