Volkswagen ချန်ဒူးစက်ရုံ ထုတ်လုပ်မှု ရပ်ဆိုင်း


Volkswagen ချန်ဒူးစက်ရုံ ထုတ်လုပ်မှု ရပ်ဆိုင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဂျာမန် ကားထုတ်လုပ်ရေးလုပ်ငန်း Volkswagen သည် COVID ဖြစ်ပွားမှု လှိုင်းထခြင်းကြောင့် တရုတ်နိုင်ငံ ချန်ဒူမြို့ရှိ ၎င်း၏ စက်ရုံတွင် ထုတ်လုပ်မှု ယာယီရပ်ထားရသည်။


တရုတ်နိုင်ငံသည် ၎င်း၏ ပြင်းထန်သော “ကိုဗစ် သုည” မူဝါဒကို ဆက်လက်လုပ်ဆောင်‌နေဆဲဖြစ်သည်။

တရုတ်အစိုးရသည် မဖြစ်မနေ quarantine ဝင်စေခြင်း၊ လူအများအပြားကို အစုလိုက်အပြုံလိုက် ဆေးစစ်ခြင်းနှင့် အခြားသော အစီအမံများစွာဖြင့် ကိုဗစ်ကို တိုက်ပွဲဝင်နေသည်။

 ချန်ဒူး အပါအဝင် အခြားမြို့အများအပြားတွင် COVID ရောဂါဖြစ်ပွားမှု လှိုင်းလုံးကြီးနှင့် ကြုံတွေ့နေစဉ် Volkswagen သည် ၎င်း၏စက်ရုံတွင် ထုတ်လုပ်မှုကို ယာယီရပ်နားထားရကြောင်း Reuters က သတင်းဖော်ပြခဲ့သည်။
 အဆိုပါချန်ဒူစက်ရုံသည် ပုံမှန်အားဖြင့် တစ်နှစ်လျှင် ကားစီးရေ ၆၀၀,၀၀၀ ထုတ်လုပ်နိုင်သည်။ 
လက်ရှိတွင် VW ID.4, VW Golf, VW T-Roc, Audi Q2 မော်ဒယ်များ ထုတ်လုပ်သည်။
Volkswagen သည် ပြီးခဲ့သည့်အပတ်က ထုတ်လုပ်မှုကို ယာယီရပ်ခဲ့ပြီး ကိုဗစ်လှိုင်းမငြိမ်သေးသရွေ့ ဆက်လက်ရပ်ထားရမည် ဖြစ်သည်။
 ထုတ်လုပ်ရေးလိုင်း ၅ လိုင်းတွင် ၂ လိုင်းကို ယာဉ်အစိတ်အပိုင်းများ မရသဖြင့် ယခင်ကတည်းက ယာယီရပ်ထားခဲ့ရသည်။
မည်သည့်ရက်တွင် ထုတ်လုပ်မှု ပြန်စမည်ကို မပြောနိုင်သေးချေ။ ဒေသအာဏာပိုင်တို့ကလည်း ကိုဗစ်စည်းကမ်းများ တင်းကျပ်ထားသည်ကို ဖြေလျော့ပေးမည့် အရိပ်အယောင် မတွေ့ရသေးချေ။ 
Volkswagen အပါအဝင် ထုတ်လုပ်သူများသည် ကိုဗစ်လှိုင်း ငြိမ်သည်အထိ စောင့်ကြရလိမ့်မည်။
Source teslarati
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 4735 times