Volkswagen Golf


Small Family ကားအမျိုးအစားဖြစ်သော Volkswagen Golf ၏ ပုံသဏ္ဍာန်မှာ ကျစ်လျစ်လှပပြီး ယုန်ငယ်နှင့် ပုံစံတူပါသည်။

ယင်းကားအမျိုးအစားမှာ ၂၀၁၂ ခုနှစ်တွင် အစီးရေ ၂၉ သန်းအထိရောင်းချနိုင်ခဲ့သောကြောင့် ကမ္ဘာ့ရောင်းအားအကောင်းအဆုံးကားအမျိုးအစားထဲတွင် ပါဝင်နေပါသည်။

ဥရောပကားများ၏ အားသာချက်အတိုင်း Safety ပိုင်းကောင်းမွန်ပြီး ကားကိုယ်ထည်မှာလည်း ဂျပန်ကားများထက် ပိုမာကျောသောကြောင့် ကားအရွယ်အစားသေးငယ်သော်လည်းစိတ်ချရပါသည်။

ယင်းအမျိုးအစားကို ဓာတ်ဆီအင်ဂျင်၊ CNG အင်ဂျင်၊ Hybrid များနှင့်ထုတ်လုပ်ထားပြီး ပြည်တွင်းတွင် ဓာတ်ဆီ အင်ဂျင်ကိုသာအသွင်းများပါသည်။

အင်ဂျင်ပါဝါ ၁၂၀၀ စီစီ၊ ၁၄၀၀ စီစီတို့နှင့်ထုတ်လုပ်ထားပြီး CIF တန်ဖိုးအရ ၁၂၀၀ စီစီကိုသာ တင်သွင်းကြပါသည်။

အင်ဂျင်ပါဝါနည်းသော်လည်း မြင်းကောင်ရေ ၁၀၅ ကောင်အားအထိရှိသောကြောင့် အာရှနိုင်ငံမှထုတ်သည့် ၁၃၀၀ စီစီကားများထက် စက်စွမ်းအားပိုကောင်းပါသည်။

တံခါးငါးပေါက် Hatchback ကားအမျိုးအစားဖြစ်ပြီး Audi A3,Seat Leon,Skoda,Octivia တို့နှင့်ရုပ်ချင်း ဆင်ပါသည်။

၂၀၁၅ မိုဒယ် ၁၂၀၀ စီစီဂရိတ်ငါးမျိုးရှိပြီး Tsi Confortine Premium Edition မှာဂရိတ်အနိမ့်အမြင့်ဖြစ်သကဲ့သို့ Digital Aircon၊ Push-Start၊ ရှေ့နှင်းခွဲမီးများပါသွားသည့် အလွိုင်းဆိုက်ကလည်း ၁၆ လက်မဖြစ်သွားပါသည်။

ကျန်တဲ့ဂရိတ်များမှာ Key Remote၊ Manual Aircon ဖြစ်သွားပြီး နှင်းခွဲမီးလည်း မပါသလို အလွိုင်းဆိုက်မှာလည်း ၁၅ လက်မဖြစ်သွားပါသည်။

Volkswagen 2015 မိုဒယ်ကို တင်သွင်းမည်ဆိုပါက ဂရိတ်အမြင့်ဆုံးမှာ ကျပ်သိန်း၂၄၀ ဝန်းကျင်ကျသင့်မည်ဖြစ်ပြီး ပုံမှန်ဂရိတ်မှာ သိန်း ၂၃၀ ဝန်းကျင်ကျသင့်မည်ဖြစ်ကြောင်းသိရသည်။

Read 2606 times