VW ရဲ့ အရောင်းရဆုံး အီးဗီ  ID.4  အမေရိကန်တွင် စတင်ထုတ်လုပ်


VW ရဲ့ အရောင်းရဆုံး အီးဗီ  ID.4  အမေရိကန်တွင် စတင်ထုတ်လုပ်

Volkswagen of America က အမေရိကန်နိုင်ငံ တင်နက်ဆီ ပြည်နယ် ချာတန်နူဂါရှိ ၎င်း၏စက်ရုံတွင် VW ရဲ့  အထင်ကရ လျှပ်စစ်ကားဖြစ်သည့် ID.4 ကို စတင်ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း ဇူလိုင်လ ၂၆ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

ချက်တန်နူးဂါး Chattanooga ရှိ ၎င်း၏စက်ရုံတွင် အမေရိကန်ပြည်ထောင်စုတွင် ၎င်း၏ အထင်ကရ လျှပ်စစ်ကားဖြစ်သည့် ID.4 ကို စတင်ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း ယနေ့အစောပိုင်းတွင် ကြေညာခဲ့သည်။

ID.4  မော်ဒယ်က VW ရဲ့ အရောင်းရဆုံး အီးဗီအဖြစ်သို့ လျင်မြန်စွာ ရောက်ရှိခဲ့ပါတယ်။ အဲဒါကြောင့် VW က ချာတန်နူဂါ စက်ရုံကို ID.4  မော်ဒယ် ထုတ်လုပ်နိုင်စေဖို့ ကန်ဒေါ်လာ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံပြီး ပြုပြင်မွမ်းမံခဲ့ပါတယ်။ 

ချာတန်နူဂါ စက်ရုံက VW ရဲ့ ဆဌမမြောက် အီးဗီ ထုတ်လုပ်ရေးစက်ရုံ ဖြစ်ပါတယ်။ 

ID.4 အတွက် လိုအပ်တဲ့ အစိတ်အပိုင်များ၊ ပစ္စည်းများကို အမေရိကန်နိုင်ငံရှိ ပြည်နယ်များမှာ ထုတ်လုပ်ပြီး ချာတန်နူဂါ စက်ရုံက ရယူသုံးစွဲမှာ ဖြစ်ပါတယ်။ ဘက်ထရီကို ဂျော်ဂျီယာမှာ တည်ရှိတဲ့ SK Innovation အီးဗီဘက်ထရီ စက်ရုံမှာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

ကားအတွင်းပိုင်းကို အင်ဒီယာနာပြည်နယ်နှင့် တောင်ကယ်ရိုလိုင်းနားပြည်နယ်တို့မှာ ထုတ်လုပ်ပါမယ်။ စတီးထည်ကို အလဘားမားနှင့် အိုဟိုင်းအို ပြည်နယ်များမှာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အီလက်ထရွန်းနစ်အပိုင်းကို ကင်တတ်ကီပြည်နယ်မှာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 

အမှာစာများထံ ကားပေးပို့တာကို ၂၀၂၂ အောက်တိုဘာလမှာ စတင်ဖို့ ရည်မှန်းထားပါတယ်။ တစ်လ စီးရေ ၇,၀၀၀ ထုတ်လုပ်ဖို့ လျာထားပါတယ်။ 

#MyanmarAutomobileGuide

 Telegram Channel  https://t.me/Guid4U

Source:teslarati.

Read 752 times