Volvo S60


၂၀၁၇ မော်ဒယ် Volvo S60 ကားအမျိုးအစားမှာ Intellisafe နည်းပညာပါရှိသည့်အတွက် အန္တာရာယ်ဖြစ်စေနိုင်သော အတားအဆီးများကို အလိုအလျောက်သိရှိပြီး ရှောင်ရှားသွားလာနိုင်ပါသည်။

Volvo S60 ၏ဈေးနှုန်းမှာ T5 နှင့် T6 နှစ်မျိုးကွာပြားပါသည်။

S60 T5 Momentum ၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၈၈,၀၀၀ ရှိပြီး S60 T6 Inscription ၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၉၅,၀၀၀ ရှိပါသည်။

S60 T5 နှင့် T6 နှစ်မျိုးစလုံးဆလင်ဒါလေးလုံးထိုး အင်ဂျင်ပါဝါ ၁၉၆၉ စီစီရှိသော အင်ဂျင်ကို အသုံးပြုပါသည်။

လောင်စာအဖြစ် အောက်တိန်းကို အသုံးပြုပြီး ၆၈ လီတာဝင်ဆံ့သောဆီတိုင်ကီပါရှိပါသည်။

အမြင့်ဆုံးအမြန်နှုန်း တစ်နာရီ ၂၃၀ ကီလိုမီတာနှုန်းအထိ မောင်းနှင်နိုင်ပါသည်။

ဆီဒင်အမျိုးအစားဖြစ်ပြီး ရှေ့ရှဲလ်လေးတန်း၏ အလယ်မှာ Volvo ၏ တောင်ပံပါရှိသော အမှတ်တံဆိပ် တပ်ဆင်ထားပါသည်။

Electronic Climate Control စနစ်ပါရှိသောကြောင့် အတွင်းခန်း၏ အပူချိန်ကို အလိုအလျောက် ထိန်းချုပ်ပေးထားနိုင်ပါသည်။

ယာဉ်ကိုရပ်တန့်ထားခဲ့ရသည့်အခါ လုံခြုံစိတ်ချရစေဖို့ ပတ်လည်အာရုံခံကိရိယာများနှင့် အမြဲစောင့်ကြည့် ပေးပြီး ခိုးသူလို့သံသယရှိသည်နှင့် Alarm မြည်ပြီး အချက်ပေးနိုင်ပါသည်။

Immobilizer ပါရှိသည့်အတွက် အင်ဂျင်၏ ဆီပေးစနစ်များကို ထိန်းချုပ်ပြီး ရပ်တန့်ထားနိုင်ပါသည်။

လျှို့ဝှက်နံပါတ်ကိုပြန်နှိပ်ပြီးမှသာ ဆီပေးစနစ်ပြန်ဖွင့်ပေးပြီး စက်နှိုးနိုင်ခြင်းဖြစ်သည်။

နောက်ခန်းမှာ စီးနင်းသောကလေးများ၏ လုံခြုံစိတ်ချရမှုအတွက် နောက်တံခါးများကို လော့ခ်ချပေးထားသော power child lock ပါရှိပါသည်။

လည်သာဖုံးအုပ်ထားသော စတီယာရင်မှာ ဗော်လျုးမ်ကွန်ထရိုးစနစ်ပါရှိပါသည်။

ခုနှစ်လက်မစခရင်ပါရှိပြီး CD,DVD, MP3, AUX,USB,Bluetooth တို့နှင့်ချိတ်ဆက်အသုံးပြုနိုင်ပါသည်။

ယာဉ်လမ်းကြောင်းပြစနစ်နှင့် အသံနှင့် အမိန့်ပေးနိုင်သောစနစ်၊ ရီမုတ်ကွန်ထရိုးစနစ်များပါရှိပါသည်။

လုံခြုံစိတ်ချရစေသော စနစ်များအနေဖြင့် Dynamic Stability Traction Control (DSTC), Advanced Stability Control, Anti-lock Brake System(ABS),Electrical parking brake,Cruise Control, City Safety Blind Sport Information System,Park Brake Assist စသောခေတ်ရှေ့ပြေးနည်းစနစ်များစွာပါရှိပါသည်။

အတွင်းခန်းအရောင်ငါးမျိုးရွေးချယ်နိုင်ပြီး ကားကိုအရောင် ၁၄ မျိုးရွေးချယ်နိုင်ပါသည်။

အသက်ကယ်လေအိတ်စနစ်ပါရှိပြီး Intelligent Driver Information System ပါရှိသည့်အတွက် ယာဉ်မောင်းသူမှားယွင်းခဲ့မှုရှိနေလျှင်တောင်မှ အလိုအလျောက်ပြုပြင် ထိန်းကျောင်းနိုင်သောကြောင့် လုံခြုံ စိတ်ချစွာမောင်းနှင်နိုင်မည်ဖြစ်ပါသည်။

 

Read 1615 times