TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
VW သည် အများမျှော်လင့်နေသည့် တန်ဖိုးသင့် အီးဗီေမာ်ဒယ် အသစ်တစ်မျိုး ကို ဗုဒ္ဓဟူးနေ့ (မတ် ၁၅) တွင် မိတ်ဆက်ခဲ့သည်။ ID 2all ဟု အမည်ပေးထားသော ၎င်းအီးဗီမော်ဒယ် အသစ်သည် ခရီးတာ ၄၅၀ ကီလိုမီတာ (၂၇၉ မိုင်) အထိ ရသည်။
Volkswagen သည် အီးဗီမဟာဗျူဟာအတွက် ရင်းနှီးမြှုပ်နှံမှု ၂ ဆတိုးပြီး ကန်ဒေါ်လာ ၂၀၀ ဘီလီယံ ( ယူရို ၁၈၀ ဘီလီယံ) ကို ၅ နှစ်တာကာလတွင် အီးဗီဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမည်။
VW သည် ယမန်နှစ်တွင် အီးဗီ အစီးရေ ၅၇၀,၀၀၀ ကျော်ကို ဥရောပတွင် ရောင်းချခဲ့ပြီး ဘက်ထရီသုံး လျှပ်စစစ်ကား (BEV) စျေးကွက်ခေါင်းဆောင်အဖြစ် ဆက်လက်ရပ်တည်ခဲ့ပါသည်။
Tesla နှင့် တရုတ်ကားကုမ္ပဏီများ အပါအဝင်ဖြစ်သော ကားကုမ္ပဏီများ၏ ပြိုင်ဆိုင်မှုများကို တွန်းလှန်ရန်အတွက် Volkswagen သည် ၎င်း၏ စျေးသက်သာသော လျှပ်စစ်ကား ID 2all ကို မိတ်ဆက်ခဲ့ပါသည်။
ID 2all ဈေးနှုန်းမှာ ကန်ဒေါ်လာ ၂၇,၀၀၀ ( ယူရို ၂၅,၀၀၀) အောက် ဖြစ်ပါသည်။
ID 2all သည် ၎င်း၏ Golf မော်ဒယ်ကဲ့သို့ ယာဉ်အတွင်း ကျယ်ဝန်းသည်။ ၎င်း၏ Polo မော်ဒယ်ကဲ့သို့ ဈေးသက်သာသည်ဟု Volkswagen Passenger Cars ၏ စီအီးအို ဖြစ်သူ Thomas Shafer က ပြောကြားသည်။
လက်ရှိ အဆင့်မြှင့် ထားသည့် ID. 3 ထက် ဈေးသက်သာမည်။ ခရီးတာ ၄၅၀ ကီလိုမီတာ (၂၇၉ မိုင်) အထိသွားနိုင်မည် ဖြစ်ပြီး လုပ်ဆောင်ချက် အင်္ဂါရပ်အသစ်များ ထည့်ပေးထားသည်။
"ကျွန်တော်တို့ ကုမ္ပဏီကို လျင်မြန်စွာနှင့် အခြေခံကျကျ ပြောင်းလဲပေးနေပါတယ်။ Volkswagen ကို အများချစ်တဲ့ ကား brand အစစ် ဖြစ်အောက်လုပ်မယ်လို့ ရည်ရွယ်ချက် ချမှတ်ထားပါတယ်" ဟု Thomas Shafer က ပြောကြားသည်။
VW ၏ တန်ဖိုးသင့် အီးဗီသည် ၎င်း၏ modular electric drive (MEB) ပလက်ဖောင်း အသစ်ပေါ်တွင် အခြေခံမည်ဖြစ်သည်။ ဈေးချိုသာသော မော်ဒယ်များ ထုတ်လုပ်မည် ဖြစ်သဖြင့် MEB Entry Platform ဟု အမည်ပေးထားသည်။ ရှေ့ဘီးယက်ဖြင့် အရင်ဆုံး ထုတ်လုပ်မည်။
ယခင်က ပထမဆုံး တန်ဖိုးသင့် မော်ဒယ်အဖြစ် ID. LIFE ကို ထုတ်လုပ်ရန် စီစဉ်ခဲ့ပြီးမှ အစီအစဉ်ကို စွန့်ပယ်ခဲ့သည်။ ID. LIFE သည် အရွယ်အစား ငယ်သည့် အီးဗီများ ထုတ်လုပ်ရန် ရည်ရွယ်ချက် ထားရှိပါသည်။
ID 2all အပြင်ကိုယ်ထည်ဒီဇိုင်းကို ဂန္ထဝင် မော်ဒယ်များဖြစ်သည့် Beetle နှင့် Golf တို့ကို အခြေခံထားသည်။
အတွင်းပိုင်း ခြေချသည့်နေရာ ကျယ်ဝန်းစေရန် ခါးလျား ရှည်ပေးထားသည်။
Volkswagen သည် မကြာသေးမီက Bentley နှင့် Audi ဒီဇိုင်နာဟောင်း Andreas Mindt ကို Volkswagen Passenger Cars အတွက် ဒီဇိုင်းခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခဲ့သည်။
VW ID 2all ကို တည်ငြိမ်မှု၊ နှစ်သက်မှုနှင့် စိတ်အားထက်သန်မှု မဏ္ဍိုင်သုံးရပ်အပေါ် အခြေခံ၍ ဒီဇိုင်းထုတ်ထားသည်ဟု Andreas Mindt က ပြောကြားသည်။
ID သည် သုညမှ တစ်နာရီ မိုင် ၆၀ အမြန်နှုန်း(0-100 km/h) သို့ ၇ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်မည့် အားကောင်းသောလျှပ်စစ်မောင်းနှင်မော်တာ" သုံးထားပြီး ပါဝါ 222 hp (166 kW) အထိ ထုတ်ပေးနိုင်သည်။
၈၀% အားသွင်းရန် မိနစ် ၂၀ အောက်မျှသာ အချိန်ကြာမည်ဟု Volkswagen က ပြောကြားသည်။
ဥရောပဈေးကွက်တွင် ၂၀၂၅ မှာ စတင်ရောင်းချမည်။
၂၀၂၅ တွင် ကမ္ဘာတစ်လွှား ကား ၅ စီး ရောင်းချလျှင် တစ်စီးသည် လျှပ်စစ်ကား ဖြစ်ရန် VW က ရည်မှန်းချက် ထားရှိသည်။
၂၀၂၆ တွင် အနည်းဆုံး အီးဗီမော်ဒယ် ၁၀ မျိုး ရောင်းချရန် ရည်မှန်းချက် ထားရှိသည်။ ထိုအထဲတွင် ID 2all ပါဝင်မည် ဖြစ်သည်။
ယခုနှစ်တွင် ID. 3, ID. 7, ID. Buzz တို့ ရောင်းချမည် ဖြစ်သည်။
Source Electrek
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U