VW က Tesla အီးဗီကို ကျော်တက်မည်ဟု ကြိုတင်ခန့်မှန်း
သုတေသနကုမ္ပဏီ Bloomberg Intelligence က အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ အီးဗီထုတ်လုပ်မှု ပိရမစ်ရဲ့ ထိပ်ပိုင်းမှာ အဓိကကျတဲ့ အပြောင်းအလဲ ဖြစ်ပေါ်လိမ့်မယ်လို့ ကြိုတင်ခန့်မှန်းထားပါတယ်။ လောလောဆယ်မှာ ကမ္ဘာ့အီးဗီ ထုတ်လုပ်မှုမှာ သရဖူဆောင်းထားတဲ့ Tesla က သရဖူကို ကြာရှည်ဆောင်းထားနိုင်မှာ မဟုတ်ဘဲ ၁၈ လဝန်းကျင်အတွင်းမှာ Volkswagen က Tesla ကို ကျော်တက်ပြီး သရဖူကို ယူသွားလိမ့်မယ်လို့ ဆိုပါတယ်။
Volkswagen Group CEO Herbert Diess (ဝဲ) နှင့် Tesla Inc, CEO Elon Musk (ယာ)တို့ selfie ရိုက်နေကြပုံ
အစီရင်ခံစာက ထိုးညွှန်ပြထားတဲ့အချက်က Volkswagen Group ရဲ့ အီးဗီတွေ ဥရောပ ရောင်းအားက ၂၀၂၁ မှာ စီးရေ ၃၁၀,၀၀၀ ရောင်းချခဲ့ပြီး Tesla ရဲ့ ရောင်းအားက စီးရေ ၁၇၀,၀၀၀ အောက်မှာပဲ ရှိပါတယ်။ ၂၀၂၁ မှာ ဥရောပဈေးကွက်ထဲ Volkswagen Group ရဲ့ အီးဗီတွေ ရောင်းချခဲ့တဲ့ စီးရေက ၂၀၂၀ ရဲ့ နှစ်ဆ ဖြစ်ပါတယ်။
အမေရိကန်ဈေးကွက်ထဲမှာတော့ VW ရဲ့ အီးဗီတွေ နှိုင်းစာရင် အနည်းအကျဉ်းသာ ရှိပါတယ်။ ၂၀၂၁ မှာ စီရေး ၃၇.၂၀၀ မျှသာရောင်းချခဲ့ရပေမဲ့ ၂၀၂၀ ခုနှစ်ရောင်းအားရဲ့ ၃ ဆ ဖြစ်ပါတယ်။ VW က အမေရိကန်ဈေးကွက်မှာ လူကြိုက်များလာအောင် လုပ်ဆောင်မယ့် အစီအစဉ်များ ရှိပါတယ်။
Volkswagen ရဲ့ အီးဗီတွေကို အရမ်းလူကြိုက်များပါတယ်။ ၂၀၂၂ မှာ မော်ဒယ်အားလုံးနီးပါး အကုန်လုံး ရောင်းချခဲ့ရပါတယ်။ ထုတ်လုပ်မှုအပိုင်းမှာ ပစ္စည်းတွေ မရလို့ လျှော့ထုတ်ရတာကြောင့်လည်း ထုတ်လုပ်သမျှ အကုန်လုံး ကုန်သွားတာ ဖြစ်နိုင်ပါတယ်လို့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။
အမှာစာတွေ စောင့်ကြရတဲ့အထိ ဖြစ်ကုန်ပါတယ်။ တစ်ကမ္ဘာလုံးမှ မော်တော်ယာဉ် ထုတ်လုပ်ရေးကုမ္ပဏီများ မလွဲမသွေ ကြုံကြရတဲ့ အခက်အခဲ ဖြစ်ပါတယ်။
Tesla က ၂၀၂၁ မှာ အရောင်းရလဒ်များ စံချိန်သစ် တင်ပါတယ်။ အီးဗီ စီးရေ ၉၃၆,၂၂၂ ကို ကမ္ဘာတစ်လွှားမှာ ရောင်းချခဲ့ပါတယ်။ နှစ်စဉ်ဝင်ငွေ အနည်းဆုံး ကန်ဒေါ်လာ ဘီလျံ ၅၀ ဝင်တဲ့ ကုမ္ပဏီစာရင်းဖြစ်တဲ့ Fortune 500 စာရင်းမှာ Tesla က နံပါတ် ၃၅ မှာ ရှိနေပါတယ်။
Bloomberg Intelligence ရဲ့ အစီရင်ခံစာက ကမ္ဘာ့ကားဈေးကွက်မှာ အီးဗီရဲ့ ဈေးကွက်ဝေစုက ၂၀၂၅ မှာ ၁၅%သို့ မြင့်တက်လိမ့်မယ်လို့် မျှော်မှန်းထားပါတယ်။ ၂၀၂၁ မှာ ၆% မျှသာ ရှိခဲ့ပါတယ်။ ၁၅%သို့ ရောက်သွားအောင် တရုတ်နှင့် ဥရောပ ဈေးကွက်များက ကျေးဇူးပြုပေးလိမ့်မယ်လို့ ဆိုပါတယ်။ အမေရိကန်ကလည်း ကျေးဇူးပြုမှာ ဖြစ်ပေမဲ့ တရုတ်နှင့် ဥရောပတို့ကို မမီနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။
ပထမနေရာတွင် VW ရှိနေပြီး ဒုတိယနေရာတွင် Tesla ရှိနေမည်။ တတိယနေရာတွင် BYD ရှိနေမည်လို့ Bloomberg Intelligence က ကြိုတင်ခန့်မှန်းထားပါတယ်။
"စိတ်ဝင်စားစရာ ကောင်းနေသည်မှာ BYD သည် တရုတ်ပြည်တွင်းဈေးကွက်ထဲတွင် ဦးဆောင်သူနေရာကို ဆက်ထိန်းထားနိုင်မည်။ သူ့နောက် မလှမ်းမကမ်းတွင် Changan ကပ်လိုက်နေမည်။ Changan ရဲ့ နောက်တွင် Geely က ကပ်လိုက်နေမည်။ အံ့ဩစရာ ကောင်းသည့် ယှဉ်ပြိုင်မှုကို Dongfeng က အစွမ်းပြလိမ့်မည်၊ ထို့ပြင် EV ဖြင့် မော်တော်ယာဉ် ထုတ်လုပ်မှုကို စတင်ခဲ့ကြသည့် တရုတ်အီးဗီလုပ်ငန်း Nio နှင့် Xpeng တို့ကလည်း ယှဉ်ပြိုင်ကြလိမ့်မည် " လို့ Bloomberg Intelligence က ကြိုတင်ခန့်မှန်းထားပါတယ်။
Ford အနေဖြင့် ပစ်ကပ်ထရပ် F-150 Lightning အောင်ပွဲခံတဲ့အတွက် သမိုင်းအစဉ်အလာ ကြီးမားတဲ့ အမေရိကန်ကားလုပ်ငန်းရဲ့ အရေးပါတဲ့ ပထမဆုံး မော်ဒယ်ဖြင့် တာထွက်ကောင်းသွားပါတယ်။
လောလောဆယ်မှာတော့ အခုအချိန်ထိ အမေရိကန်ဈေးကွက်ကို Tesla က ကြီးစိုးထားဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၅-၂၀၂၆ မှာ အစဉ်အလာကြီးမားတဲ့ ကားလုပ်ငန်းများရဲ့ စိန်ခေါ်မှုများကို ပိုမိုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
#MyanmarAutomobileGuide
Telegram Channel
Source: Bloomberg Intelligence