VW အဓိက စက်ရုံ ဇန်နဝါရီတွင် ထုတ်လုပ်မှု ရပ်တန့်ဖွယ်ရှိ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
VW ၏ အဓိက စက်ရုံသည် ဇန်နဝါရီတွင် ထုတ်လုပ်မှု ရပ်တန့်သွားဖွယ် ရှိသည်။
Volkswagen သည် နှစ်သစ်ကူး ပထမလအတွင်း ဂျာမန်မြို့ Wolfsburg ရှိ ၎င်း၏ အဓိက စက်ရုံတွင် အလုပ်ဆင်းသည့် အဆိုင်း အရေအတွက်ကို လျှော့ချရန် စီစဉ်နေကြောင်း ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ကြာသပတေးနေ့ (ဒီဇင်ဘာ ၂၂)တွင် ပြောကြားခဲ့သည်။
အဆိုင်း လျှော့ချရသည့်အကြောင်းရင်းများမှာ COVID-19 ကူးစက်ရောဂါနှင့် ယူကရိန်းစစ်ပွဲတို့ကြောင့် ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်မှု ဖြစ်ပေါ်သောကြောင့် ဖြစ်သည်။
ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက အလုပ်ရပ်ဆိုင်းခြင်းသည် Golf ကားများအတွက် တပ်ဆင်လိုင်း အမှတ်(၃) တွင် ဇန်န၀ါရီ ၉ ရက်မှ ၂၇ ရက်အထိ သက်ရောက်မည်ဟု ပြောကြားသည်။
၎င်းတပ်ဆင်လိုင်း အမှတ်(၃)နှင့် ဆက်စပ်နေသော ကိုယ်ထည်ပိုင်း၊ ဆေးမှုတ်ပိုင်း အစရှိသည့် လုပ်ငန်းခွင်များတွင်လည်း အတိုင်းအတာ တစ်ခုအထိ သက်ရောက်မှုရှိမည်ဟု ၎င်းက ပြောကြားသည်။
Source Reuters