လာမည့်နှစ်မှစ၍ဘယ်မောင်းကားတစ်မျိုးတည်းကိုသာတင်သွင်းရမည်ဟုသတင်းများထွက်ပေါ်လာပြီးနောက် ပိုင်းတွင်စလစ်ကပ်ကားတင်သွင်းမှုများလာသကဲ့သို့ရန်ကုန်လိုင်စင်ဖြင့်အင်ဂျင်ပါဝါ ၁၃၀၀ စီစီကားများလည်းတင်သွင်းမှုရှိလာခဲ့သည်။
ယခုလအတွင်းကားဈေးနှုန်းများတည်ငြိမ်နေခြင်းကြောင့်လည်းအရောင်းအဝယ်ပြန်လည်လည်ပတ်လာကြောင်း သိရသည်။
ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်နယ်လိုင်စင်စတိနံပါတ်ကားများအဝယ်လိုက်နေသကဲ့သို့ ကားအရောင်းစင်တာများတွင်လည်းConsignment လက်ကျန် ၁၃၀၀ စီစီကားများအရောင်းအဝယ် ဖြစ်နေကြောင်းသိရသည်။
ယခုလအတွင်းကားဈေးများမာနေသော်လည်းအရောင်းအဝယ်ပုံမှန်ဖြစ်နေပြီး မိုးတွင်းကာလဖြစ်သောကြောင့် 4WD ကားများအရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။
အင်ဂျင်ပါဝါ ၁၃၀၀ စီစီကားများထဲတွင်စတိနံပါတ် Toyota Axio, Honda fit shuttle, Honda Fit GG3 ကားများအရောင်းအဝယ်ဖြစ်နေသကဲ့သို့ ရန်ကုန်လိပ်စာပေါက်နံပါတ်ထွက်ပြီးသားကားများထဲတွင်လည်း Honda Fit, Toyota Belta, Toyota Probox များအရောင်းအဝယ်ဖြစ်နေသည်။
တက္ကစီကားများထဲတွင် Toyota fielder နှင့် Toyota Probox ကားများအရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။
ကားအရောင်းစင်တာများမှတင်သွင်းထားသည့် ၂၀၀၆ မိုဒယ်အောက် Consignment ကားများကိုစလစ်အစားထိုး ကျပ်သိန်း ၃၀/၆၀ဖြင့်ဝယ်ယူခွင့်ပါမစ်လျှောက်ရန်အတွက် ကညနမှငွေသွင်းခြင်းကို လက်ခံဆောင်ရွက်နေပြီဖြစ်သော်လည်းမှတ်ပုံတင်ပြုလုပ်မည့်အစီးရေနည်းသောကြောင့် နယ်လိုင်စင်ကားများကို ပါမစ်လျှောက်ခွင့်ပေးရန်ကားအရောင်းစင်တာများထံစာရင်းကောက်ယူရာတွင် လက်ကျန်ကားအစီး ၁၀၃၀ ရှိသော်လည်းမှတ်ပုံတင်ပြုလုပ်နိုင်ချေရှိသည့် ကားအရေအတွက်မှာအစီးနှစ်ရာ ဝန်းကျင်သာရှိကြောင်းကားတင်သွင်းသူများကခန့်မှန်းထားကြသည်။
စဉ် | ကားအမျိုးအစား | နံပါတ် | မိုဒယ် | ဈေးနှုန်း |
၁ | Toyota Axio | YGN | 2013 | 260 |
၂ | Toyota Crown | YGN | 2003 | 235 |
၃ | Honda Civic | YGN | 2009 | 210 |
၎ | Honda Fit | ယာယီ | 2011 | 200 |
၅ | Mazda Demio | ယာယီ | 2011 | 170 |
၆ | Toyota Probox | BGO | 2013 | 155 |
၇ | Suzuki Carry Truck | MDY | 2006 | 105 |
၈ | Honda Insight | MDY | 2010 | 198 |
၉ | Toyota Vitz | ယာယီ | 2012 | 185 |
၁၀ | Toyota Alphard | ယာယီ | 2003 | 340 |