၂၀၁၈ မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာမိုဒယ်သတ်မှတ်ချက်ကြောင့် အောက်တိုဘာတစ်လလုံး တောက်လျှောက်မြင့်တက်ခဲ့သည့် ကားစျေးများသည် မိုင်ကုန်သွားပြီဖြစ်၍ အရောင်းအဝယ် အဖြစ်နည်းသွားပြီး တက်စျေးဖြင့် စျေးကွက်ငြိမ်နေကြောင်း သိရသည်။
အမြင့်ဆုံးအတိုင်းအတာတစ်ခုအထိ မြင့်တက်ခဲ့သော ကားစျေးများမှာ ထပ်တက်ရန် အခြေအနေမရှိတော့သကဲ့သို့ ပြန်ကျမည့် အနေအထားလည်း မရှိပေ။
ယခုအချိန်တွင် ကားရောင်းချမည့် သူများအနေဖြင့်လည်း အရောင်းအဝယ်ဖြစ်ရန်အတွက် စျေးလျှော့ရောင်းချမည့် သူများအနေဖြင့်လည်း အရောင်းအဝယ်ဖြစ်ရန်အတွက် စျေးလျှော့ရောင်းချမည် ဆိုပါကနောက်တစ်စီးပြန်ဝယ်ရာတွင် တက်စျေးအတိုင်း ၀ယ်ယူရမည်ဖြစ်ရာ ကြိုက်စျေးမရလျှင် မရောင်းဟု တင်းခံနေကြသဖြင့် နို၀င်ဘာလဆန်းမှစ၍ ကားအရောင်းအဝယ်မှာ ပြန်လည် ငြိမ်သက်သွားခဲ့သည်။
မူဝါဒများထွက်ပြီးနောက်ပိုင်းနှစ်ပတ်လောက်အထိ စျေးကွက်ကလှုပ်လှုပ်ရှားရှားဖြစ်ခဲ့သော်လည်း ထိုရက်ပိုင်းတွင် အရောင်းအဝယ်များ ပြန်အေးသွားပါသည်။
တစ်ဦးချင်းတင်သွင်းသည့် စလစ်ကပ်ကားများကို ပုံမှန်အတိုင်း ပါမစ်သက်တမ်း တိုးပေးလိုက်သည့်အတွက်လည်း ပါပါသည်။
ကားစျေးက တက်စျေးနှင့်ငြိမ်နေသော်လည်း ရန်ကုန်လိုင်စင် ကျပ်သိန်း ၁၅၀ နှင့် နှစ်ရာကြား ကားများကတော့ ပုံမှန်အရောင်းအဝယ်ဖြစ်ပါသည်။
ကားစျေးက ထပ်တက်ဖို့လည်း မရှိ၊ ကျဖို့လည်းမရှိသည့်အတွက် တက်စျေးနှင့် ငြိမ်နေသောကြောင့် အရောင်းအဝယ်ပါးသွားပါသည်။
စလစ်စျေးဆိုရင်လည်း နို၀င်ဘာလဆန်းကစ၍ ဒီရက်ပိုင်းအထိ ကျပ် ၁၃၅ သိန်းဝန်းကျင်မှာ ငြိမ်နေပါသည်။
အရင်တုန်းက ကားစျေးတက်လျှင် အရောင်းအဝယ်ကောင်းလေ့ရှိသော်လည်း အခုကတော့ စျေးများအရမ်းတက်သွားသည့်အတွက် အရောင်းအဝယ်ကျဲသွားပါသည်။
စျေးပြန်ကျမှာကိုမစောင့်ပဲဝယ်သူတစ်ဦးနှစ်ဦးသာရှိပါသည်။
အခုလိုကားစျေးများမြင့်တက်သွားခြင်းမှာမူဝါဒအပြောင်းအလဲကြောင့် ဖြစ်ပါသည်။
အစိုးရအနေဖြင့် မူဝါ၏ထုတ်ပြန်သည့်အခါမှာ နောက်ငါးနှစ်အတွင်း၊ နောက်ဆယ်နှစ်အတွင်း ဘယ်လိုအပြာင်းအလဲများ လုပ်မည်ဆိုတာကြိုပြီး Plan လည်းချမပြသည့်အတွက် မှန်းဆပြီးလုပ်နေရပါသည် ဟု ကားဝယ်/ရောင်းတစ်ဦးကဆိုသည်။
ကားစျေးများတောက်လျှောက်မြင့်တက်သွားသ်ည့အတွက်လည်း အဝယ်များက ကားအသစ်များနှင့် တစ်ပတ်ရစ်ကားဟောင်းများကို ချိန်ဆပြီး ၀ယ်ယူနေကြသဖြင့် စျေးနှုန်းအပြောင်းအလဲမရှိသော Brand New ကားများမှာ ရောင်းအားမြင့်တက်လာကြောင်း သိရသည်။
ရန်ကုန်လိုင်စင်ဖြင့် စလစ်ကပ်တင်သွင်းသည့် Honda Fit Shuttle,Honda Fit GK3, Toyota Axio တို့မှာကျပ်သိန်းသုံးရာနားကပ်သွားသဖြင့် ပြည်တွင်းထုတ် Suzuki Ciaz မာ ရောင်းအားသိသိသာသာတက်သွားခဲ့သည်။
Suzuki Ciaz သည် CKD,SKD စနစ်ဖြင့် ထုတ်လုပ်သောကြောင့် ရန်ကုန်လိုင်စင် အမည်ပေါက်ရရှိသလို ငါးနှစ်အရစ်ကျဖြင့်လည်း ၀ယ်ယူနိုင်သောကြောင့် ၁၃၀၀ စီစီ ဂျပန်တစ်ပတ်ရစ် ယာယီနံပါတ်ကားများထက် ၀ယ်လိုအား ပိုမိုမြင့်တက်သွားကြောင်း သိရသည်။
နို၀င်ဘာလဆန်းပိုင်းမှစ၍ ကားအရောင်းအဝယ်များ ငြိမ်သက်သွားသည်ဟုဆိုသော်လည်း ၁၃၀၀ စီစီ ကားများထဲတွင် Honda Fit GK3, Honda Fit Shuttle ၊ စလစ်ကပ်ကားများထဲတွင် Toyota Alphard နှင့် Toyota Wish တို့မှာပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။
ကားအရောင်းစင်တာများကလည်း စျေးကွက်အကြိုက်ဖြစ်သည့် ထိုကားများကို အဓိကတင်သွင်းထားကြပြီး စလစ်စျေးနှင့် လေလံစျေးမြင့်တက်ချိန်တွင် နောက်ကားများ တင်သွင်းမည်ဆိုပါက ရောင်းစျေးနှင့်ပြန်မရတော့သဖြင့် ခေါ်စျေးအတိုင်းသာ အနည်းငယ်စျေးညှိုနှိုင်းပြီး ရောင်းချမှုပြုကြောင်း သိရသည်။
၂၀၁၈ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မူဝါဒများ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်းတွင် ကားစျေးနှင့်အပြိုင် စလစ်စျေးများလည်း မြင့်တက်သွားခဲ့ရာ အောက်တိုဘာ တတိယအပတ်တွင် ကျပ်သိန်း ၁၄၀ အထိ မြင့်တက်ခဲ့သည်။
သို့သော်တစ်ဦးချင်းပါမစ်လျှောက်ထားမှုများကို ဒီဇင်ဘာ ၁၅ ရက်အထိဆောင်ရွက်ပေးမည်ဟု ကြေညာခဲ့ပြီးနောက်ပိုင်းတွင် အချိန်ရသွားသဖြင့် စလစ်ဝယ်လိုအားလည်း တန့်သွားပြီး နို၀င်ဘာလဆန်းမှ ဒုတိယပတ်အထိ ကျပ် ၁၃၅ သိန်းဝန်းကျင်တွင် စျေးငြိမ်နေကြောင်း သိရသည်။
နိို၀င်ဘာလဆန်းမျစ၍ စလစ်စျေးများ အပြောင်းအလဲမရှိ ငြိမ်သက်လျက်ရှိရာ သက်တမ်းနှစ်နှစ်ဆယ် အမည်ပေါက်စလစ်သည် ကျပ် ၁၃၅ သိန်းဝန်းကျင်၊ တိုက်ကြေနှင့် တက္ကစီစလစ်သည် ကျပ် ၁၂၅ သိန်း ၀န်းကျင် ပေါက်စျေးရှိကြောင်း သိရသည်။
ယခုလအတွင်း ၁၉၉၈ မိုဒယ်နှင့်အောက် ဘတ်စ်များ အပ်နှံခွင့်ပေးမည်ဖြစ်ရာ ထိုဘတ်စ်စလစ်များဝင်ရောက်လာပါက စလစ်စျေး ကျပ်သိန်း ၁၃၀ ၀န်းကျင်အထိ ကျဆင်းသွားဖွယ်ရှိကြောင်း ကားတင်သွင်းသူများက ခန့်မှန်းထားကြသည်။
ကားစျေးနှုန်းများ
စဉ် | ကားအမျိုးအစား | နံပါတ် | မိုဒယ် | စျေးနှုန်း |
၁ | Honda Fit | BGO | 2012 | 195 |
၂ | Toyota Kluger | YGN | 2005 | 380 |
၃ | Honda Insight | MDY | 2011 | 230 |
၄ | Suzuki Swift | BGO | 2011 | 180 |
၅ | Toyota Crown | YGN | 2003 | 270 |
၆ | Toyota Vitz | ယာယီ | 2012 | 185 |
၇ | Toyota Vanguard | MDY | 2011 | 560 |
၈ | Toyota Belta | ယာယီ | 2011 | 200 |
၉ | Toyota Hilux Vigo | MDY | 2012 | 330 |
၁၀ | Nissan Juke | MDY | 2011 | 335 |