တစ်ပတ်အတွင်းကားဈေးကွက်အခြေအနေသုံးသပ်ချက်နှင့်ကားဈေးနှုန်းများ


 

ယခုရက်ပိုင်းရန်ကုန်ကားဈေးကွက်အတွင်းနယ်အဝယ်များဆက်တိုက်ဆင်းနေသည့်အတွက် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

ယခင်လများကမူဝါဒများမတည်ငြိမ်သည့်အတွက်ကားဈေးနှုန်းများတည်ငြိမ်နှုမရှိခဲ့သကဲ့သို့ အရောင်းအဝယ်လည်းအေးစက်နေခဲ့သည်။

ကားအရောင်းအဝယ်လုပ်ကိုင်သူများအနေဖြင့် ကားတင်သွင်းခွင့်မူဝါဒအပြောင်းအလဲနှင့်အခွန်ဥပဒေ အပြောင်းအလဲများတရားဝင်ထွက်ပေါ်လာပါကအရောင်းအဝယ်အနည်းငယ်ပြန်အေးသွားနိုင်ကြောင်း ခန့်မှန်းထားကြသည်။

ယခုရက်ပိုင်းတွင်နယ်အဝယ်များဆင်းနေသကဲ့သို့ဒေါ်လာဈေးလည်းတည်ငြိမ်နေသောကြောင့်ဈေးကွက် တည်ငြိမ်မှုရှိလာကာအရောင်းအဝယ်လည်းပုံမှန်ဖြစ်နေကြောင်းသိရသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်းနယ်အဝယ်များပုံမှန်ဆင်းနေသည့်အတွက်စလစ်ကပ်ကားများရော ဖရီးပါမစ်ကားများပါအရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

အထက်မြန်မာပြည်ဘက်မှနယ်အဝယ်များအဆင်းများနေပြီး လုပ်ငန်းသုံးကားများရော အိမ်စီးကားများပါအရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

နံပါတ်ထွက်ပြီးသားကားများထဲတွင်အင်ဂျင်ပါဝါ ၁၃၀၀ စီစီ၊ ၁၅၀၀ စီစီကားများဖြစ်သည့် Probox, Honda Fit, Belta,Ractis, Honda Fit Shuttle, GK3 ကားလေးများအရောင်းအဝယ်ဖြစ်နေသည်။

စလစ်ကပ်ကားများထဲတွင်စတိနံပါတ်များမှာအရောင်းအဝယ်နည်းနေသော်လည်းနံပါတ်ထွက်ပြီးသား ကားများထဲတွင် Alphard, Wish, Kluger ကားများသာအရောင်းအဝယ်ရှိကြောင်း ကားဝယ်/ရောင်းများကဆိုသည်။

စလစ်များဝယ်လိုအားများလာချိန်တွင်အပ်နှံခွင့်ရသည့်ကားဟောင်းများရှားပါးလာသောကြောင့်ဝယ်ယူရခက်ခဲ လာကြောင်းကားဟောင်းဝယ်/ရောင်းများထံမှသိရသည်။

သက်တမ်းနှစ်နှစ်ဆယ်ကားဟောင်းတစ်စီးအမည်ပေါက်စလစ်တစ်စောင်လျှင်ကျပ် ၁၀၈ သိန်းကျော်ပေါက်ဈေးရှိနေကြောင်းသိရသည်။

မြန်မာမီနီစလစ်များမှာအငှားယာဉ်တင်သွင်းမှုနည်းနေသော်လည်းဈေးကျဆင်းသွားခြင်းမရှိဘဲ ကျပ်သိန်း ၁၁၀ ဝန်းကျင်ဖြင့်ဈေးငြိမ်နေကြောင်းစလစ်ဈေးကွက်အတွင်းမှသိရသည်။

 

စဉ် ကားအမျိုးအစား နံပါတ် မိုဒယ် ဈေးနှုန်း
Honda Fit ယာယီ 2012 215
Honda Insight ယာယီ 2011 230
Suzuki Swift ယာယီ 2012 175
Toyota Hilux Vigo MDY 2012 310
Suzuki Carry Truck MDY 2007 98
Mazda Demio ယာယီ 2012 172
Toyota Crown YGN 2004 330
Toyota Alphard YGN 2003 350
Toyota Vitz ယာယီ 2012 182
၁၀ Toyota Probox BGO 2012 165

 

Read 5349 times