၂၀၂၂ ဇန်နဝါရီ လျှပ်စစ်မော်တော်ယာဉ် အရောင်းရဆုံး မော်ဒယ်များ
၂၀၂၂ ဇန်နဝါရီလအတွင်း ကမ္ဘာတစ်လွှား လျှပ်စစ်ကားရောင်းအားကို မော်ဒယ်အရ ကြည့်လျှင် Tesla Model Y က အရောင်းရဆုံး အီးဗီမော်ဒယ် နံပါတ်(၁) ဖြစ်ခဲ့ပါတယ်။ ရောင်းအား ယခင်နှစ် ဇန်နဝါရီလထက် ၈၇% ပိုများခဲ့ပြီး စီးရေ ၆၀၃,၀၀၀ ရောင်းချခဲ့ပါတယ်။ ရောင်းအားအများဆုံးဈေးကွက်က တရုတ်ပြည်တွင်း ဈေးကွက် ဖြစ်ပါတယ်။
၂၀၂၂ ဇန်ဝါရီလမှာ ကမ္ဘာ့ကားဈေးကွက်ထဲ အင်ဂျင်၊ ဘက်ထရီပါဝါနှင့် အင်ဂျင်ပါဝါ ၂ မျိုးစပ်၊ အပြည့်အဝ လျှပ်စစ်ကား စသဖြင့် ကားအမျိုးအစား အမျိုးစုံ ရောင်းချခဲ့ကြရာမှာ ပလပ်ထိုးဟိုင်းဘရစ်လျှပ်စစ်မော်တော်ယာဉ် PHEV ရောင်းအား ဝေစု ၁၀% ကို ရရှိခဲ့ပါတယ်။
ဘက်ထရီပါဝါသုံး လျှပ်စစ်မော်တော်ယာဉ် BEV ရောင်းအားက ကမ္ဘာ့လျှပ်စစ်ကားရောင်းအားရဲ့ သုံးပုံနှစ်ပုံကို ဝေစု ၂၀၂၂ ဇန်ဝါရီလမှာ ရရှိခဲ့ပါတယ်။ အထူးတလည် ရောင်းအားကောင်းတဲ့ ဈေးကွက်က BEV အတွက် အဆင်ပြေတဲ့ တရုတ်ပြည်တွင်းဈေးကွက် ဖြစ်ပါတယ်။
အရောင်းရဆုံး ထိပ်တန်း(၂၀) စာရင်း
ကမ္ဘာ့ လျှပ်စစ်မော်တော်ယာဉ် အရောင်းရဆုံး မော်ဒယ် ထိပ်တန်း(၂၀) စာရင်းမှာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက တရုတ်လျှပ်စစ်ကားမော်ဒယ် ၂ မျိုးသာ စာရင်းထဲ ပါဝင်ခဲ့ပါတယ်။ ၂၀၂၁ ဇန်နဝါရီလ စာရင်းမှာ တရုတ်လျှပ်စစ်ကားမော်ဒယ် ၉ ခု ပါဝင်ပါတယ်။ ယခုနှစ် ၂၀၂၂ ဇန်နဝါရီလမှာတော့ ထိပ်တန်း(၂၀)မှာ တရုတ်လျှပ်စစ်ကားမော်ဒယ် ၁၇ ခု ပါဝင်ပါတယ်။ ကျန်တဲ့ နေရာ ၃ ခုမှာ တရုတ်မဟုတ်တဲ့ လုပ်ငန်းများဖြစ်တဲ့ Tesla Model Y, Tesla Model 3, Volkswagen ID.4 တို့ ပါဝင်ကြပါတယ်။ အဲဒီ ကားမော်ဒယ် ၃ ခု ထုတ်လုပ်မှုမှာ တရုတ်ပြည်တွင်းမှာ တည်ရှိတဲ့ ကားစက်ရုံများမှ ထုတ်လုပ်မှုများလည်း ပါဝင်နေပါတယ်။ ဒီတော့ ကမ္ဘာ့ လျှပ်စစ်မော်တော်ယာဉ် အရောင်းရဆုံး မော်ဒယ် ထိပ်တန်း(၂၀) စာရင်းဟာ တရုတ် လျှပ်စစ်မော်တော်ယာဉ် အရောင်းရဆုံး မော်ဒယ် ထိပ်တန်း(၂၀) စာရင်းဖြစ်လုနီးပါး ဖြစ်နေတာ တွေ့ရပါတယ်။
Tesla
Tesla ရဲ့ Model Y က ၂၀၂၂ ဇန်နဝါရီလမှာ ထုတ်လုပ်မှု အခြေအနေကောင်းခဲ့ပြီး ရောင်းအားလည်း ကောင်းခဲ့ပါတယ်။ ပထမ ၃လပတ်ရဲ့ အဆုံးသတ် မတ်လကုန်အထိ ရောင်းအား အခြေအနေ ဆက်လက်ကောင်းနေမယ်လို့ ခန့်မှန်းထားပါတယ်။ Model 3 ကတော့ ရောင်းအား အနိမ့်ကို ရောက်ရှိနေခဲ့တာ ၂၀၂၁ ဧပြီလ ကတည်းက ဖြစ်ပါတယ်။ ယခုနှစ်စ ဇန်နဝါရီလမှာ နံပါတ်(၅) နေရာမှာ ရောက်ရှိနေပါတယ်။ ကြီးထွားနိုင်ဖွယ်ရာမရှိလို့ ခန့်မှန်းထားပါတယ်။
အသေးစား အပေါစား အီးဗီ
တရုတ်ပြည်တွင်းဈေးကွက်ထဲမှာ အပေါက်ဆုံး အီးဗီမော်ဒယ် Wuling Mini EV လည်း ရောင်းအား အရှိန်ကုန်သွားပြီး အကျဘက်ကို စတင်ရောက်ရှိနေပါတယ်။ ပုံတူယူထားတဲ့ Chery QQ Ice Cream က နေရာဝင်ယူနေပါတယ်။
Chery QQ Ice Cream က ဈေးကွက်ထဲ ရောင်းချတာ ၃ လအတွင်း တစ်လ စီးရေ ၁၀,၀၀၀ ရောင်းရတဲ့ ရေချိန်ကို ရောက်ရှိလာပါတယ်။
မြို့တွင်းစီး ကားအသေးစား အပေါစား အီးဗီကို တရုတ်ပြည်တွင်းမှ ပြည်ပဈေးကွက်သို့ တင်ပို့ခြင်း မရှိသေးပါဘူး။ Chery က လက်တင်အမေရိက ဈေးကွက်မှာ မားမားမတ်မတ် ရပ်တည်နိုင်တဲ့ အနေအထား ရရှိထားပြီးသား ဖြစ်လို့ QQ Ice Cream ကို လက်တင်အမေရိက ဈေးကွက်ထဲ မောင်းသွင်းလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
BYD
အရောင်းရဆုံး မော်ဒယ်ထိပ်တန်း(၂၀) စာရင်းမှာ BYD မော်ဒယ် ၇ ခု ပါဝင်ပါတယ်။
၂၀၂၂ ဇန်နဝါရီလမှာ BYD Qin Plus PHEV မော်ဒယ် BYD Song PHEV ရောင်းအား ၂ ခုစလုံးက BYD ရဲ့ တစ်လတာ ရောင်းအား စံချိန်သစ်တွေ ဖြစ်ပါတယ်။
BYD Dolphin ကလည်း ရောင်းအားတက်နေပါတယ်။
၂၀၂၂ ဇန်နဝါရီလ ကမ္ဘာတစ်လွှား ကားရောင်းအားကို Brand အရ ကြည့်ရှုရင် BYD က ထိပ်ဆုံးမှာ ရောက်ရှိနေပါတယ်။ BYD ထုတ်လုပ်တဲ့ မော်ဒယ်တွေထဲမှာ ၇ ခုက ရောင်းအကောင်းဆုံး မော်ဒယ် ထိပ်တန်း(၂၀) စာရင်းဝင်ပါတယ်။ ရောင်းရစီးရေ ၇၈,၀၀၀ ကျော် ရှိပါတယ်။ စာရင်းမှာ မပါတဲ့ မော်ဒယ်တွေ ရောင်းအားက စီးရေ ၁၅,၀၀၀ နီးပါး ရှိတာကြောင့် BYD ထုတ်လုပ်တဲ့ မော်ဒယ်တွေအားလုံးရဲ့ စုစုပေါင်း ရောင်းရစီးရေ ၉၃.၀၀ နီးပါး ရှိပါတယ်။
၂၀၂၂ ဇန်နဝါရီ လျှပ်စစ်မော်တော်ယာဉ် အရောင်းရဆုံး Brand များ ထိပ်တန်း ၂၀ စာရင်း
Tesla
ဒုတိယနေရာမှာ ရှိနေတဲ့ Tesla က ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်နေဆဲ ဖြစ်ပါတယ်။ အမေရိကန်မှ စက်ရုံသစ် Giga Texas နှင့် ဂျာမနီနိုင်ငံမှ စက်ရုံသစ် Giga Berlin တို့ ထုတ်လုပ်မှု စတင်တော့မှာ ဖြစ်ပါတယ်။ သို့ဖြစ်ရာ လာမယ့် မတ်လမှာ Tesla က နံပါတ်(၁)နေရာကို ရရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။
Hyundai
အီးဗီတွေကို တခဲနက် အားပေးဝယ်ယူနေကြတဲ့ တရုတ်ပြည်တွင်းဈေးကွက်မှာ ရောင်းချခြင်း မပြုသော်လည်း ထိပ်တန်း(၂၀) စာရင်းထဲ ပါလာတဲ့မော်ဒယ်ေတွက Hyundai Ioniq 5 နဲ့ Kia Niro EV တို့ ဖြစ်ပါတယ်။
Source: cleantechnica