ယာဉ်အို၊ ယာဉ်ဟောင်း စလစ်ကပ်ပြီး ရန်ကုန်လိုင်စင် လျှောက်ထားသည့်Brand New ကား ၁၀၅ စီးအထိရှိ


YVQC စနစ် ထွက်ပေါ်မလာသေးသည့်အတွက် ယာဉ်အို၊ ယာဉ်ဟောင်း စလစ်ကပ်ပြီး ရန်ကုန်လိုင်စင် လျှောက်ထားသည့် Brand New ကား ၁၀၅ စီးအထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရပါတယ်။

ကားအရောင်းပြခန်းများမှ တင်သွင်းရောင်းချသော Brand New ကားများကို ယာဉ်အို/ဟောင်း စလစ်ကပ်၍ ရန်ကုန်လိုင်စင် လျှောက်ထားခွင့်ပြုခြင်းကို ၂၀၁၇ ခုနှစ်၊ မတ် လမှစတင်ခွင့်ပြုခဲ့ရာ ထိုနှစ်အတွင်း ရန်ကုန်လိုင်စင်ဖြင့် စလစ်ကပ်ပြီး Brand New ကား အစီး ၂၇၀ ပါမစ် လျှောက်ထားခဲ့ပါတယ်။ ထို့ပြင် ၂၀၁၈ ခုနှစ်အတွင်း၌လည်း ယာဉ်အို၊ ယာဉ် ဟောင်းစလစ်ကပ်ပြီး Brand New ကား ၆၃၄ စီး ပါမစ် လျှောက်ထားခဲ့ပါတယ်။ ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူအသုံးပြုခွင့် YVQC စနစ် ထွက်ပေါ်မလာသေးသည့် အတွက်လည်း ယခုနှစ်အတွင်း စလစ်ကပ်ပြီး ပါမစ်လျှောက်ထားသည့် Brand New ကားအစီးရေ ပိုများလာကာ ပြီးခဲ့သည့် ဇန်နဝါရီလတွင် ၇၁ စီးနှင့် ဖေဖော်ဝါရီလတွင် ၃၄ စီး ပါမစ် လျှောက်ခဲ့ပါတယ်။

“ကားအရောင်းပြခန်းတွေက နေ ပုံစံ(ဃ)စလစ်ကပ်ပြီး ရန်ကုန် လိုင်စင် လျှောက်ထားခွင့်ပြုတာကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ မတ်လကစ ပြီး ခွင့်ပြုပေးခဲ့ပါတယ်၊ ဒီနှစ်စမှာ ရန်ကုန်လိုင်စင်စလစ်နဲ့ ဝယ်ယူ ခွင့်ပါမစ်လျှောက်တဲ့ Brand New ကားအစီးရေ များလာပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အ တွင်း Brand New ကားများ စလစ် ကပ်ပြီး ရန်ကုန်လိုင်စင် လျှောက် ထားရာတွင် ဇန်နဝါရီလ၌ ၆၅ စီး၊ ဖေဖော်ဝါရီလ၌ ၅၄ စီး၊ မတ်လ၌ ၃၃ စီး၊ ဧပြီလ၌ ၃၆ စီး၊ မေလ၌ ၅၅ စီး၊ ဇွန်လ၌ ၅၃ စီး၊ ဇူလိုင်လ၌ ၈၅ စီး၊ သြဂုတ်လ၌ ၅၄ စီး၊ စက်တင်ဘာလ၌ ၄၅ စီး၊ အောက်တိုဘာလ၌ ၄၂ စီး၊ နိုဝင်ဘာလ၌ ၆၄ စီး၊ ဒီဇင်ဘာလ၌ ၄၈ စီးနှင့် ယခုနှစ် ဇန်နဝါရီလ၌ ၇၁ စီး၊ ဖေဖော်ဝါရီလတွင် ၃၄ စီးတို့ ပါမစ် လျှောက်ထားခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရပါတယ်။

Source;Automobile Journal

Read 492 times